~32~

4.1K 646 90
                                    

#Unicode

လွန်ခဲ့သော ခြောက်နာရီခန့်က ရုံးခန်းထဲ၌ စကားပြောနေခဲ့သော ဆောဝန်းနဲ့ထယ်ယောင်း။

"ပြောပါ....ဘာကိစ္စလဲ.."

"ရော့...ဒါလေး အရင်ကြည့်လိုက်.."

စားပွဲပေါ်သို့ပစ်တင်ပေးလာသည့် စာအိတ်တစ်ခုကြောင့် ထယ်ယောင်းယူကာ ကြည့်မိတော့...DNA စစ်ဆေးသည့်စာရွက်ရယ်..မျက်ကြည်လွှာအစားထိုးမှုမှတ်တမ်းစာရွက်တစ်ခုရယ်..

"ဒါကဘာလဲ.."

"DNA က ဘယ်သူနဲ့ဘယ်သူကို စစ်ထားတာလို့ထင်လဲ.."

"အဲ့ဒါကို ကျွန်တော်က ဘယ်လိုလုပ်သိမှာလဲ.."

"မင်းသိရင် အံ့သြသွားမှာ...99.999999% တူညီနေပါတယ်ဆိုတဲ့ အဲ့ဒီအဖြေလွှာက ဆောဟာနူးလ်နဲ့ဂျွန်ဂျောင်ဂုတို့ရဲ့ သွေးသားတော်စပ်ကြောင်း အဖြေလွှာပဲ.."

စာရွက်ကို ကြည့်နေမိသည့် ထယ်ယောင်းအကြည့်တွေ ဆောဝန်းဆီရောက်သွားရသည်။
ဒီလူဘာတွေပြောနေတာလဲ..?

"အဆက်စပ်မရှိ...ဒါက ဘာစကားလဲ..?"

"မယုံဘူးမဟုတ်လား....ငါလည်းပဲ စစသိချင်းမယုံခဲ့ပေမယ့် ငြင်းလို့မရတဲ့ သက်သေတွေရှိခဲ့တာမို့ပဲ...ဒီပုံကိုကြည့်ပါ...ဘယ်သူတွေလဲဆိုတာ.."

ဆောဝန်းရဲ့ အိတ်ကပ်ထဲကနေ ထွက်လာသည်က ဓါတ်ပုံတစ်ပုံ...
ပုံထဲတွင် သားအဖဟုထင်မှတ်ရသော လူနှစ်ဦးရှိနေပြီး တစ်နှစ်အရွယ်ကလေးငယ်ကို ဦးလေးကြီးတစ်ယောက်က ချီကာ ရိုက်ထားသည့်ပုံဖြစ်ကာ ကလေးလေးရောဦးလေးကြီးပါ ပြုံးရီလျက်ရှိနေ၏။
ဓါတ်ပုံထဲက ဦးလေးကြီးကို သေချာကြည့်မိတော့ အဖေ့၏ကျေးဇူးရှင်ဟူသော ဦးလေးကြီးပင်ဖြစ်၏။
အဖေက ခနခနပြဖူး၍  ထိုဦးလေးကြီး မျက်နှာကို ထယ်ယောင်းမှတ်မိနေခဲ့တာဖြစ်သည်။

"အနောက်ကစာပါဖတ်ရင် ပိုနားလည်သွားမယ်ထင်တယ်.."

ဆောဝန်းအပြောကြောင့် ပုံအနောက်ကိုကြည့်မိတော့
/ကလေးနာမည်က ဆောဟာနူးလ်ပါ သေချာလေးစောင့်ရှောက်ပေးဖို့ အကူညီတောင်းပါတယ်../
ခပ်သော့သော့ရေးထားသည့် လက်ရေးတစ်ခုအပြင်....
/တွေ့ချင်မိတယ် အဖေ/ ဟူ၍ရေးထားသော ဟာနူးလ်ရဲ့ သေးရှည်ရှည်လက်ရေးတွေကို ထယ်ယောင်းမေ့နိုင်စရာမရှိပါ။
နူးလ်က ဒီအကြောင်းရာတွေကို ဘယ်သူ့ကိုမှ ​သိစေချင်ပုံမရဘူး။
အခင်ဆုံးသူငယ်ချင်း ကျွန်တော့်ကိုတောင် မပြောပြခဲ့ဘူးပဲ။

Gorgeous Kim (Completed)Where stories live. Discover now