~35~

4.3K 639 52
                                    

#Unicode

"ဟာနူးလ်....အစ်ကိုက အသိနောက်ကျလို့ တောင်းပန်ပါတယ်....သနားစရာကောင်းလိုက်တဲ့ ငါ့ရဲ့ညီလေး...ဒီစိတ်ဆင်းရဲမှုတွေကို ဘယ်လိုများကြိုးစားကျော်ဖြတ်ခဲ့သလဲ...အဖေ့ကိုရော မုန်းနေခဲ့လား...ငါ့ညီလေးရယ်.."

မျက်ရည်ကျကာ ပြောနေသော ဂျောင်ဂု၏စကားကို နံဘေးမှာ ရှိနေသော ဟာနူးလ်က ခေါင်းလေးအသာယမ်းပြသည်။
သိတက်စအရွယ်မှာ ဓါတ်ပုံထဲကလူဟာအဖေပါလို့ သိတည်းက ပျော်နေခဲ့တာ...ကြီးလာတဲ့အခါ လိုက်ရှာပြီး အဖေရယ်လို့ ခေါ်ချင်ခဲ့တာကလွဲရင် ဟာနူးလ်အဖေဆိုသည့်လူကို မမုန်းပါ။

သူ့ကိုဘာကြောင့် စွန့်ပစ်သွားမှန်းမသိပေမယ့် အကျိုးရှိလို့ အကြောင်းတရားဖြစ်ပေါ်လာတယ်ဆိုတာကို ဟာနူးလ်နားလည်သည်။
အခုတော့ အဖေအပြင် အစ်ကိုတစ်ယောက်ပါထပ်ရှိနေတာကို ဝမ်းသာရပေမယ့် သူက စည်းခြားနေပြီဖြစ်တဲ့သူ....
ဒီလိုလူဖြစ်နေခဲ့တာတောင် ထယ်ယောင်းဆိုတဲ့ စွဲလန်းစိတ်ကြောင့် ဒီဘဝမှာပဲ ရှိနေခဲ့တာမဟုတ်လား။

"ပြီးတော့ ထယ်ယောင်းကို မင်းကာကွယ်ပေးခဲ့တာ ကျေးဇူးတင်ပါတယ်...ငါတို့ညီအစ်ကို ကံကြမ္မာက သိပ်ထူးဆန်းတယ်နော်...တွယ်တာမိချစ်မိတဲ့သူက တစ်ယောက်တည်းဖြစ်နေတာတဲ့လေ....မင်းကို သက်ရှ်ိထင်ရှားတုန်းကသာ တွေ့ခွင့်ရမယ်ဆိုရင် သိပ်ကောင်းမှာပဲ....အခုတော့! အခုတော့လေ~အစ်ကိုက မင်းကို နှစ်ခါသေရအောင် လုပ်မိခဲ့ပြီ.."

ဂျောင်ဂုရင်ထဲ နာကျင်လာရတာကြောင့် ပင်စည်ကို နဖူးဖြင့် တိုက်ကာပင် ငိုကြွေးမိသည်။
ဒယ်ဂူထဲက ရှိသမျှမိဘမဲ့ဂေဟာတွေ၌ စုံစမ်းရင်း တွေ့ရှိခဲ့ရသည့် ဟာနူးလ်ငယ်ငယ်ကပုံရိပ်တွေ,သိပ်ကို သဘောကောင်းကာ ကြင်နာတက်ပါတယ်ဆိုသော ကောင်လေးရဲ့အကြောင်းကိုပြောကာ ငိုနေခဲ့သည့် ကျောင်းအုပ်ဆရာမကြီး၏ သူဆုံးသွားတာ လေးနှစ်ရှိပြီဟူသော စကားမှာတော့အံ့သြထိတ်လန့်ခဲ့ရသူက ဂျောင်ဂုပင်။

မဟုတ်စေဖို့ ရည်ရွယ်ခဲ့တာကို....
တစ်ဦးတည်းသော ကျန်သည့် သွေးသားရင်းချာမို့ ထွေးပွေ့လို့ နွေးထွေးစေချင်ခဲ့ပေမယ့် ကံတရားကရက်စက်လွန်းပါတယ်။
ဒါ့အပြင် ကောင်ငယ်လေး၏ မွန်မြတ်သော စိတ်ထားဖြူဖြူလေးဖြင့် ချုပ်ဆိုထားသည့် သေပြီးတဲ့အခါ ကောင်းမွန်တဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို လိုအပ်နေသူများအား လှုဒါန်းပါမည် ဟူသည့် လက်မှတ်လေးကြောင့် ပိုပြီးယူကြုံးမရဖြစ်ခဲ့ရသည်။

Gorgeous Kim (Completed)Where stories live. Discover now