~20~

5.3K 754 38
                                    

#Unicode
ဒီနေ့ မနက်အစောပိုင်းတည်းက ထယ်ယောင်း နိုးနေခဲ့သည်။
ကိုယ်လက်သန့်စင်ပြီးနောက် ဆာလောင်နေခဲ့သော ဗိုက်အားဖြည့်တင်းရန်အတွက် မီးဖိုခန်းဆီသို့  ဦးတည်မိ၏။
အနည်းငယ်ထောက်လို့ရနေပြီဖြစ်သော ခြေထောက်ကြောင့် အိမ်ထဲ၌တော့ သွားလို့ရနေပြီမို့ လှေကားထစ်တွေကိုသတိထားကာဖြင့် ဆင်းခဲ့လ်ိုက်သည်။
အောက်ထပ်သို့ရောက်ခဲ့တော့ မီးဖိုချောင်ထဲ၌ အလုပ်ရှုပ်နေသည့်  အိမ်အကူအဒေါ်ကြီးကို တွေ့လိုက်ရတာမို့..

"အဒေါ်ကြီး.."

ခေါ်သံကြောင့် လှည့်ကြည့်လာသော အဒေါ်ကြီးရဲ့ မျက်နှာက အံ့သြသွားဟန်...
အဒေါ်ကြီး အံ့သြမယ်ဆ်ိုလည်း အံ့သြချင်စရာပါ...ကျွန်တော်က တော်ရုံဆို မနက်ခြောက်နာရီဆိုတဲ့ ဒီအချိန်မှာ နိုးနေတက်သူမှ မဟုတ်ပဲ။

"ဟုတ်ကဲ့ မင်းသားလေး....ဘာများ လိုအပ်လို့လဲ..."

"ကျွန်တော့်အတွက် အသီးဖျော်ရည်လေးဖြစ်ဖြစ် စီစဥ်ပေးလို့ရမလား.."

"ရပါတယ်...မင်းသားလေးအကြိုက် ကီဝီသီး ဖျော်ရည် ပြင်ပေးပါ့မယ်.."

"ကျေးဇူးတင်ပါတယ်....ကျွန်တော် ခြံထဲမှာ ရှိနေပါ့မယ်.."

ထော့နင်းထော့နင်းဖြစ်နေသည့် ခြေထောက်ကို အားပြု၍သွားနေရတာမို့အိမ်ထဲကနေခြံပြင်ထွက်တာတောင်မလွယ်ကူလှ။
ခြံထဲရောက်လို့ ခုံမှာထိုင်လိုက်ချိန်မှာတော့ လူက မောနေခဲ့ပြီဖြစ်သည်။
ဒါပေမယ့် မနက်ခင်းလေအေးအေးလေးနဲ့အတူပါလာသည့် နှင်းဆီရနံ့ကြောင့်သာ စိတ်ထဲလန်းဆန်းသွားရ၏။
ဒီလေးငါးဆယ်ရက်အတွင်း အခန်းထဲမှာပဲ ရှိနေရတာမို့ အတော်လေးငြီးငွေ့မိသလို စိတ်လည်းမွန်းကျပ်ရ၏။

ခြေထောက်ကလည်း အပြည့်အဝမကောင်းသေးသလို ခေါင်းမှပတ်တီးကိုလည်း နောက်အပါတ်မှ ဖြေခွင့်ရမှာမို့ စိတ်တွေရှုပ်နေရ၏။
ဒီပါတ်တီးတွေ​မြန်မြန်ဖြည်ပြီး လူလည်း ပြန်ကောင်းချင်နေပါပြီ။
နောက်မို့ဆို ဘာလုပ်လုပ် သူများအကူညီဖြင့် လှုပ်ရှားသွားလာနေရတာက စိတ်ညစ်ဖို့ကောင်းတယ်လေ....ဒါကြောင့် ခြေထောက်နည်းနည်းသက်သာတာနဲ့ ထယ်ယောင်းကတော့ အိမ်ထဲမှာ ဟိုဟိုဒီဒီ လျှောက်သွားနေမိတာ..
ဆရာဝန်ကလည်း လေ့ကျင့်ခန်းသဘောမျိုး လျှောက်ဖို့ မှာထားသည်မို့ အတော်ပဲပေါ့။
.
.
.
.
.
ခနနေတော့ အဒေါ်ကြီးက ဖျော်ရည်ကို လာပေးပြီး ပြန်ထွက်သွားခဲ့သည်။
ဖျော်ရည်ကို တစ်ငုံသောက်ရင်း ထယ်ယောင်းအတွေးတွေကလည်း ဟိုဟိုဒီဒီ နယ်ချဲ့တွေးနေမိသည်။
ခြေထောက်မှ စည်းထားဆဲဖြစ်သည့် ပတ်တီးကို မြင်တော့ တောင်ကုန်းပေါ်က အဖြစ်အပျက်ကို ပြန်တွေးမိသွား၏။

Gorgeous Kim (Completed)Where stories live. Discover now