#Unicode
မနက်ခင်းနေရောင်နွေးနွေးက အခန်းထဲရောက်လာပြီမို့ ဂျောင်ဂုအိပ်ယာထက်မှ ထထိုင်လိုက်သည်။
ခန္ဓာကိုယ်ကို အကြောဖြေလျှော့လိုက်ပြီးနောက် ဘေးစားပွဲပေါ်မှ ဓါတ်ပုံလေးကိုလှမ်းယူကာ ဖွဖွနမ်းလို့နှုတ်ဆက်လိုက်သည်။"မောနင်း အချစ်"
ဒါက မနက်တိုင်း ဂျောင်ဂုလုပ်နေကြ အလေ့ကျင့်တစ်ခု...။
ကျွန်တော်ကိုယ်တိုင် ရိုက်ယူထားခဲ့သည့် ဒီဓါတ်ပုံထဲမှာ လက်နှစ်ချောင်းထောင်လျက်ပြုံးရယ်နေခဲ့သော ထယ်ယောင်းအပြုံးတွေက သူ့ရဲ့တစ်နေ့တာအတွက်ခွန်အား...
သူ ကျွန်တော့်အနားမှာမရှိတာ ၃၆၅ ရက်ပြည့်ခဲ့ပေမယ့် ကျွန်တော်က တစ်ရက်မှ မမေ့နိုင်ပါ။
အပြုံးတွေကစလို့ မျက်လုံးအောက်နားကမှည့်လေးအထိ အကုန်အတိကျမှတ်မိသည်။နေ့တိုင်း သေလောက်အောင်လွမ်းသည်။
စစတုန်းက အရူးလိုနေသားမကျပေမယ့် အခုတော့ တဖြေးဖြေးနေသားကျလာခဲ့ပါသည်။
လွမ်းတာကတော့လွမ်းဆဲပါပဲ။ဓါတ်ပုံကို နေရာတစ်ကျပြန်ထားပြီးနောက် အလုပ်သွားရန်အတွက် ပြင်ဆင်ရတော့သည်။
ရေမိုးချိုးကာ ဖီးလိမ်းဝတ်စားပြီးနောက် မနက်စာကို ပေါင်မုန့်မီးကင်နဲ့ကော်ဖီကိုသာ ဖြည့်တင်းလိုက်သည်။ထို့နောက် ကလေးတွေစောင့်နေမည့် သင်တန်းသို့ ကျွန်တော်ချီတက်ရတော့သည်။
"မင်္ဂလာပါ ဆရာ..!!!"
ကျောင်းကိုရောက်တော့ ဂျူဒိုအင်္ကျီကိုလဲပြီး သင်ပေးရမည့် အခန်းဆီဝင်လိုက်တာနဲ့သံပြိုင်အော်၍ နှုတ်ဆက်သံတွေညံသွားသည်။
"မင်္ဂလာပါ ကလေးတို့ရေ..ဆရာ မနေ့က သင်ပေးလိုက်တဲ့ တိုက်ကွက်တွေကို လေ့ကျင့်လာခဲ့တယ်မဟုတ်လား.."
"ဟုတ်ကဲ့!!"
ဂျောင်ဂုသင်ပေးရသည်က ကလေးပေါက်စတွေများတာမို့ အော်သံကစူးလို့နေသည်။
"ကောင်းပြီ...ဒါဆို အရှေ့ကို တစ်ယောက်ချင်းစီထွက်ပြီး လုပ်ကြည့်ရအောင်...ကဲ ပထမဆုံးကင်မ်ဂျယ်မင်း..."
နာမည်ခေါ်သံအဆုံး ကလေးလေးက ထွက်လာကာ သူသင်ပေးသည့်အတိုင်း တိုက်ကွက်တွေကို ထုတ်ပြသည်။
သတ္တိရှိရှိနဲ့စူးရဲနေသည့် မျက်လုံးလေးတွေကို တွေ့တော့ တစ်စုံတစ်ယောက်ကို သတိရပြန်သည်။
ကိုယ်ဆိုသည်မှာ အဲ့လို ...တိုက်ဆိုင်တာတွေ့တိုင်း သတိရနေမိတော့တာပဲ။