~10~

5.6K 857 153
                                    

#Unicode
လက်သည်းကို တစ်တိတိကိုက်ရင်း အခန်းထဲ၌ ဟိုမှသည် လျှောက်နေမိသော ထယ်ယောင်း..။
မနက်တုန်းက စဥ်းစားမရခဲ့သည့် အကြောင်းအရာတွေက ဒိီနေ့လည်ခင်းအချိန်မှာတော့ ခေါင်းထဲ အစီအရီပေါ်လာခဲ့သည်။

လမ်းမပေါ်ငုတ်တုတ်ထိုင်၍ ရစ်နေသော ပုံရိပ်နဲ့စကားသံများကို ပြန်လည်ကြားယောင်မိချိန် မျက်နှာပူလွန်း၍ ဘာလုပ်ရမည်တောင် မကြံတက်တော့။
အဆ်ိုးဆုံးမှတ်ဥာဏ်ကတော့ ဂျွန်ဂျောင်ဂု၏ ရင်ခွင်ထဲတွင် ဗလုံးဗထွေး ရေရွတ်၍ ငိုနေခဲ့သော ကျွန်တော့်ပုံရိပ်ပင် ဖြစ်သည်။
အရက်ကို မသောက်ဖူးတာတော့မဟုတ်ပေမယ့် ဒီလောက်ထိ အများကြီးသောက်ဖူးတာက ပထမဆုံးမို့ အမူးလွန်ပြီး အကုန်ဗရမ်းဗတာတွေ ဖြစ်သွားရသည်။

အခုလည်း နေ့လည်စာစားပြီးတည်းက အခန်းထဲအောင်းနေမိသည်မှာ ကြာပြီ။
အိမ်ကိုလည်း မပြန်ချင်...ခနလောက်တော့ ဒီတိုက်ခန်းမှာပဲ အနားယူချင်သေးသည်။

အခု အခန်းပြင်ထွက်ရင် ဂျွန်ဂျောင်ဂုနဲ့ မျက်နှာချင်းဆိုင်ရမှာလေ...
ကျွန်တော်ရဲ့ ကလေးဆန်ဆန်ဂျစ်ကျမှုကို သက်တော်စောင့်အပေါ် ထုတ်ပြမိလိုက်တာက ဆိုးတယ်မဟုတ်လား။
တကယ်ပါပဲ... ကျွန်တော်မူးပြီးငိုယိုနေလည်း  သူက လွှတ်ထားပေးလိုက်ရောပေါ့။
ဘာလို့ ချော့မော့နေတာလဲ..?
အခုကျ လူကိုသက်သက်မဲ့အရှက်ရစေတယ် မဟုတ်လား။

"မင်းသားလေး...ကျွန်တော် ဝင်လာပြီနော်.."

တွေးနေတုန်းမှာ တံခါးခေါက်၍ အသိပေးလာသော ဂျွန်ဂျောင်ဂုအသံကြောင့် ခုတင်ပေါ်ဝုန်းခနဲ ပစ်ခုန်၍ ထယ်ယောင်း အိပ်ချင်ယောင်ဆောင်လိုက်မိသည်။
ရှက်ပါတယ်ဆို...ဒင်းက ဘာလာလုပ်ပြန်တာလဲ..?

အနားသို့လျှောက်လာနေသော ခြေသံကို တိုးညှင်းစွာကြားနေရသော်လည်း ထယ်ယောင်းမှာ နည်းနည်းတောင် မလှုပ်ရဲ။
သူ့ထံမှ ရနေကြ ရေမွှေးနံ့က နှာဖျားမှာ တစ်ဖြေးဖြေးနီးကပ်လို့လာသည်နဲ့အမျှ ထယ်ယောင်းသည်လည်း စိတ်လှုပ်ရှားနေရသည်။

"အိပ်ပျော်နေတာပဲ.."

/ဟုတ်တယ်.....အိပ်နေတာမို့ မင်း ပြန်လိုက်ပါတော့../
ထယ်ယောင်း စိတ်ထဲကနေ ပြောနေမိသည်။

Gorgeous Kim (Completed)Where stories live. Discover now