~2~

9.5K 1.2K 486
                                    

#Unicode
"မောင်ရင် ဂျွန်ဂျောင်ဂု...ကျွန်မတို့ အိမ်ထဲဝင်ကြရအောင်...အထဲမှာ သခင်ကြီးစောင့်နေပါတယ်..."

အိမ်အကူအန်တီ၏ စကားကြောင့် စံအိမ်ကြီးကို ငေးမောနေရင်းမှ သတိဝင်လာကာ ဂျောင်ဂုအလျင်အမြန်ပင် ခေါင်းငြိမ့်ပြလိုက်မိသည်။
အဖွားမဆုံးခင်မှာသွားခဲ့သည့် စကားအတိုင်း အခု ကင်မ်စံအိမ်သို့ ရောက်ရှိလာသော ဂျောင်ဂု။

အဖွားပြောခဲ့တာက သူမရှိတော့ရင် ဒီအိမ်ကို သွားဖြစ်အောင်သွားပါတဲ့။
မင်းအဖေရဲ့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်ခဲ့သည့်အပြင် အသက်သခင်ကျေးဇူးရှင်မို့  မင်းရပ်တည်ဖို့ကို ကူညီပေးပါလိမ့်မည်ဟု မှာသွားခဲ့သေးသည်။

တကယ်လည်း အဖွားဆုံးတော့ ကင်မ်သခင်ကြီးဆီကနေ စာရောက်လာခဲ့သည်။
သူ၏သားငယ်ကို ထိန်းကျောင်းရန်အတွက် တော်ဝင်သက်တော်စောင့်အဖြစ် ခန့်အပ်ချင်ပါတယ်တဲ့လေ။

တော်ဝင်သက်တော်စောင့်ဆိုတာက ရိုးရိုးသက်တော်စောင့်တွေထက် မင်းသားလေးကို အရိပ်ပမာ အနီးကပ်စောင့်ရှောက်ပြီး လိုအပ်ရင် အသက်ပါပေးရလောက်တဲ့အထိ ကာကွယ်ရမယ့် သက်တော်စောင့်မျိုးပင်။

အစကတော့ တွေဝေနေခဲ့ပေမယ့် ကိုယ်ခံပညာအထူးကျွမ်းသော ဂျောင်ဂုအဖို့ ဒီအလုပ်က မခက်ခဲပါဘူးလေဟု တွေးမိတာကြောင့် ဆုံးဖြတ်ချက်ချကာ ရောက်လာခဲ့ရသည်။

စံအိမ်ကြီးရဲ့တံခါးမကြီးကနေ ဖြတ်ကာဝင်လိုက်တော့ တစ်ခမ်းတစ်နားဖြင့် ထည်ဝါနေသော အိမ်တွင်းအပြင်အဆင်က ရင်သပ်ရှုမောဖွယ်ရာမို့ ဂျောင်ဂု ပါးစပ်အဟောင်းသားပင် ဖြစ်သွားရသည်။
ခြေချထားရသည့် ကြမ်းပြင်ကလည်း ကိုယ့်ပုံရိပ်ကို ပြန်မြင်ရလောက်တဲ့အထိပြောင်လက်လို့နေ၏။

ဂျောင်ဂုတို့မိသားစုလည်း နန်းတွင်းဘာညာနဲ့မစိမ်းပေမယ့် မျိုးရိုးအဆင့်တန်းချင်းယှဥ်ရင်တော့ ကွာဟတယ်လေ။
မျိုးရိုးမြင့်တဲ့ တော်ဝင်မိသားစုပီပီ တကယ့်က်ို အရှိန်အဝါကလည်း ကြီးပါလားဟု စိတ်ထဲ၌ တွေးမိလိုက်သည်အထိပဲ။

"သခင်ကြီး.."

အတွေးလွန်နေခိုက် အိမ်အကူအန်တီကြီးရဲ့ခေါ်သံကြောင့် ဆိုဖာထက်မှာထိုင်နေသူကို ကြည့်လိုက်မိတော့ အတော့်ကို ခန့်ငြားစွာနဲ့ချောသည့် လူကြီးတစ်ဦးထိုင်နေ၏။
အဖွားပြောသည့် နန်းတွင်းကနေ ဒီခေတ်ထိ တော်စပ်ထားသည့် ဘုရင့်အမျိုးဆိုသော ဦးလေးကြီးဖြစ်လိမ့်မည်။

Gorgeous Kim (Completed)Where stories live. Discover now