~ 26 ~

4.4K 705 24
                                    

#Unicode
"ဗျာ....!"

ထယ်ယောင်းလက်ထဲက ဖုန်းဟာ ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားခဲ့လေ၏။
ဒါက ဘယ်လိုကံတရားရဲ့ ကျီစယ်မှုလဲ?
တုန်လှုပ်နေသော စိတ်အစုံကြောင့် အသိစိတ်တို့ကပ်မနေပဲ လူကကြက်သေသေနေမိသည်။

"ယောင်းလေး...ဘာဖြစ်နေတာလဲ..?ဟင်....ငိုနေတာလား..?"

"မမကြီး...အဖေလေ~"

စကားသံတို့က ရှေ့ဆက်မလာပဲ တုန်တုန်ယင်ယင်။

"ပြောစမ်းပါ...အဖေ ဘာဖြစ်လို့လဲ.."

"ယာဥ်တိုက်မှုကြောင့် အခုဆေး...ဆေးရုံရောက်နေတယ်တဲ့....စိုးရိမ်ရတာမို့ အမြန်ဆုံးလာခဲ့ပေးဖို့ ဖုန်းဆက်လာတယ်.."

"ဘာ!!!အဖေ!! အဖေက!!"

အာမေဋိတ်သံနဲ့အတူတူ သတိလစ်သွားခဲ့သည့် မမကြီးကြောင့် ထယ်ယောင်းအပြေးလွှားထိန်းလိုက်ရသည်။
တစ်ပူပေါ် နှစ်ပူဆင့်ကာ စိတ်တွေ ယောက်ယတ်ခတ်ကုန်ရသည်။
ဝုန်းခနဲလဲပြိုသံတွေကြောင့် ဂျောင်ဂုအပြင် အဒေါ်ကြီးတို့မှာ ထွက်လာကြသည်။

"အစ်ကိုဆောဝန်းရော အပေါ်ထပ်မှာရှိတယ်မဟုတ်လား...သွားခေါ်ပေး"

"ဟို စောနက မမလေးခေါ်လို့ အခန်းထဲရောက်ခဲ့ပြီးပါပြီ...အစ်ကိုလေးဆောဝန်းကမရှိပါဘူး..."

ဝင်ပြောလိုက်သောအိမ်အကူမိန်းကလေး၏ စကားကြောင့် ထယ်ယောင်း ရင်ထဲဒေါသတွေအလိပ်လိုက်တက်လာရသည်။
ဒီလူက ညတည်းက အိမ်ပြန်မအိပ်ခဲ့ပြန်ဘူးပေါ့။အခုအရေးအကြောင်းဆို ဘယ်လိုလုပ်ရပါ့မလဲ?
ဦးလေးကြီးကလည်း ခွင့်ရက်ဖြင့်နယ်ဘက်မှာရောက်နေသည်လေ...

"ကျွန်တော်က အစ်မအွန်းယောင်းကိုမိသားစုဆရာဝန်ခေါ်ပြီး ပြပေးမှာမို့ မင်းသားလေးက အရေးကြီးတဲ့နေရာကို အရင်လိုက်သွားပါ.... "

ဂျောင်ဂုဝင်ပြောလိုက်တော့ ခနလောက်တွေဝေနေသေးသည်။

"ဒါဆို မမကြီးကို သေချာဂရုစိုက်ပေးပါဦး..အဒေါ်ကြီး သူလိုအပ်တာတွေကို ​ကူညီပေးလိုက်ပါ.."

"ဟုတ်ကဲ့ မင်းသားလေး.."

မမကြီးကို စိတ်မချမိသော်လည်း ဂျောင်ဂုရှိနေတာမို့ ထားခဲ့ပြီး သူကတော့ ဆေးရုံကို ပြေးရတော့မည်။

Gorgeous Kim (Completed)Where stories live. Discover now