~37~

4.9K 690 71
                                    

#Unicode

"နင် ဘာလို့ သူ့ကို မသိချင်ယောင်ဆောင်နေတာလဲ.."

မီဟိုစကားကိုကြားတော့ သက်ပြင်းချမိသည်။

"ဒီလိုပါပဲ...ငါ့စိတ်ထဲ အဆင်သင့်ဖြစ်မနေသေးလို့.."

သက်ပြင်းချကာပြောနေသော ဂျောင်ဂုကို သူမဖြင့် နားမလည်နိုင်။
ပါရီကို သူမရဲ့အလုပ်ကိစ္စကြောင့်လာရမှာကို သိသိချင်း သူလည်းလိုက်မယ်ဟုပြောသော ဂျောင်ဂုကို အစက ထူးဆန်းနေပါတယ်ဆိုပြီး တွေးနေမိတာ။
အခုမှ သူနဲ့အတူတူ အသည်းသန် ဘာလို့လာချင်လဲဆိုတာ သဘောပေါက်ပြီ။
သူ့ရဲ့ရွှေမင်းသားလေးရှိနေလို့ကိုး..ဒါတောင် မောင်မင်းကြီးသားကမူနေသေး။

"နင်တို့ဟာက မဟုတ်သေးပါဘူး...ဟိုတစ်ယောက်က နင့်ကို နှုတ်ဆက်ချင်ခဲ့ပုံပဲ.."

မီဟိုစကားတွေကြားနေရပေမယ့် ပြန်မဖြေဖြစ်။မင်းသား ဒီမှာရှိနေတာကို သိသိချင်း လိုက်လာချင်ခဲ့တာ။ထိုသို့သိရသည်မှာလည်း ကိစ္စတစ်ခုခုရှိလျှင် ဆက်သွယ်နိုင်ရန် ဦးလေးကြီး၏ ဖုန်းနံပါတ်ကို ယူထားတာမို့ မင်းသားခရီးသွားရမည့် အကြောင်းကို သိခဲ့ခြင်း ဖြစ်သည်။

တိုက်ဆိုင်စွာ မီဟိုရဲ့အလုပ်ခရီးဟာ ပါရီမှာဆိုတာသိသိချင်း ပျော်သွားသူက ကျွန်တော်ပင်။
ပါရီမြို့ကို ရောက်ရောက်ချင်း မင်းသားကို အမှတ်မထင်တွေ့ရလိမ့်မယ်လို့တော့ မထင်ထားဘူးလေ။
ပြိီးတော့ ထိုအဆိုးလေးကို ပစ်ထားချင်ပါသေးသည်။

အမြဲတမ်း သူနာကျင်ရမှာကိုတော့မတွေးပဲ..ကျွန်တော်ထိခိုက်မှာကိုပဲ စိတ်ပူနေတာ။
ဘာကြောင့် ရုတ်တရက်ကြီးလမ်းခွဲဖို့ပြောခဲ့သလဲ မှတ်တယ်။
ဒီရှုပ်ထွေးတဲ့ကိစ္စတွေကို သိသွားခဲ့တာကိုး...ဟာနူးလ်က ကျွန်တော့်ရဲ့ ညီဆိုတာကို သူသိနေခဲ့တာမို့ပဲ။
အခုလည်း ဝမ်းသာနေတဲ့ မျက်လုံးစိမ်းလေးတွေကို တွေ့ပေမယ့် ကျွန်တော်ကလျစ်လျူရှုလိုက်သည်။
ငတုံးလေး....နေနိုင်တာလည်း မဟုတ်ပဲ ကိုယ့်ကိုကိုယ် နှိပ်စက်နေတယ်။

နောက်ပြီး ဟာနူးလ်ကိစ္စတွေကို ကျွန်တော့အပြင် ဆောဝန်းအားပြောပြဖူးသည်ဟူသော  မိဘမဲ့ဂေဟာမှ ဆရာမကြီးစကားအရဆိုလျှင် မင်းသားကို ဆောဝန်းက ဒီအကြောင်းတွေကို ပြောပြပြီး တစ်စုံတစ်ခုနဲ့အကျပ်ကိုင်ကာ ခြိမ်းခြောက်ခဲ့ပုံရသည်။ဒါကြောင့် ကျွန်တော့ကိုလည်း အဝေးကို တွန်းထုတ်ခဲ့တာပေါ့။

Gorgeous Kim (Completed)Where stories live. Discover now