~6~

6.1K 934 372
                                    

#Unicode
ညနေခင်း နေဝင်ချိန်လေးမှာ ကင်မ်အိမ်တော်ထဲကနေ ထွက်ပေါ်လာသည့် တယောသံ က လွမ်းလွမ်းဆွေးဆွေး......။

မိမိအခန်းရဲ့ ဝရန်တာမှာ ရပ်နေတုန်း ကြားလိုက်ရသည့် ထိုတယောသံကြောင့် ဘေးဘီဝဲယာက်ို ဂျောင်ဂုစူးစမ်းလိုက်မိသည်။

ခပ်စွေစွေမြင်နေရသည့် အခန်းတစ်ခု၏ ဝရန်တာ၌ ရပ်၍ တယောကို မေးတင်ကာ တီးခတ်နေခဲ့သူက တော်ဝင်မင်းသားငယ် ကင်မ်ထယ်ယောင်းဖြစ်၏။
မျက်လုံးတို့မှိတ်လျက် တယောသံမှာ ပျော်ဝင်နေသည့် အနေအထားက ကြည့်ကောင်းတာထက်ပိုနေခဲ့ပြီး နတ်ဘုရားတစ်မျှ ချောမောသည့်မျက်နှာသည်လည်း လွမ်းဆွတ်ဖွယ်အမူအရာတွေ ထင်ဟပ်လို့နေသည်။

လက်ချောင်းသွယ်သွယ်တွေရဲ့ စေလိုရာ​အတိုင်း တယောသံကလည်း​ငြိမ့်ညောင်းစွာဖြင့် ဆက်တိုက်ထွက်ပေါ်လို့နေ၏။‌ဒါက မင်းသားငယ် ထူးချွန်သည့် နောက်ထပ် အတက်ပညာတစ်ခုလား။အမြဲတစ်စေ ခပ်မာမာပြောတက်သည့် မင်းသားဆီမှာ ဒီလိုနူးညံ့မှုမျိုးရှိနေမယ်လို့ မထင်မှတ်ထားတာမို့ အံ့အားသင့်ရသည်။

ထိုတယောသံကို နားထောင်ရင်း မင်းသားကိုပါ ငေးကြည့်နေမိသည်မှာ အချိန်တော်တော်ကြာသည်အထိပဲ။ဒီတယောသံက ဂျောင်ဂုရင်ကိုအေးချမ်းမှုလည်းပေးနိုင်သလို လွမ်းမောစရာအတိတ်မျိုးရှိနေခဲ့ရင် မျက်ရည်ဝဲလောက်တဲ့အထိ ခံစားသွားရမည့် အစွမ်းလည်းရှိသည်။

ထိုသံစဥ်ကို စီးမျောနေခိုက် တိကခနဲရပ်သွားသော တယောသံ​နဲ့အတူတူ မိမိဘက်ကို အကြည့်ချင်းဆုံလာခဲ့သည်။
မထင်မှတ်ထားသည်မို့ သတိလွတ်ကာ ငေးနေပြီးမှ အသိဝင်ကာအလျင်အမြန်ပင် ခေါင်းငုံ့၍ အရိုသေပေးလိုက်တော့ အကြည့်တို့လွှဲကာ အထဲပြန်ဝင်သွားခဲ့သည်။
မြင်လိုက်ရတဲ့ မာနမင်းသားလေးရဲ့ မျက်နှာပေါ်မှာထုံးစံအတိုင်း အရယ်အပြုံး ဆိုတာမရှိပဲ မျက်နှာသေနဲ့သာ...

အိမ်တော်ထိန်းလီနဲ့ စကားစမြည်ပြောမိတုန်းကတော့ မင်းသားထယ်ယောင်းဟာ ခပ်ငယ်ငယ်က အရမ်းကို စကားများလွန်းလို့ ချစ်စနိုးနဲ့သာလိကာလေးလို့တောင် ခေါ်ကြတယ်တဲ့လေ။
ဒါပေမယ့် ငယ်ဘဝအကြောင်းတွေနဲ့ယှဥ်ရင် အခုလက်ရှိ မင်းသားရဲ့ ပုံရိပ်က နည်းနည်းမှ မသက်ဆိုင်သလို ကွဲပြားလွန်းတာကြောင့် ဘယ်လိုနားလည်ရမလဲတောင် မတွေးတက်တော့ဘူး။

Gorgeous Kim (Completed)Where stories live. Discover now