~16~

5K 804 92
                                    

#Unicode
နောက်တစ်နေ့မနက်မှာတော့ ထယ်ယောင်းတို့ကျောင်းသားတစ်စု ယခုရောက်ရှိနေသည့် နေရာရဲ့ မြို့လေးထဲသ်ို့ လှည့်ပါတ်ကြည့်ရှုခဲ့ကြသည်။
မြို့သေးသေးလေးဆ်ိုပေမယ့် စိုက်ပျိုးရေးအပြင် မွေးမြူရေးခြံတွေပါရှိတာကြောင့် လျှောက်လည်ရသည်မှာ  ပျော်စရာကောင်းလှ၏။

ယခုလည်း နို့စားနွားတွေမွေးမြူသည့် ခြံသို့ရောက်ရှိကာ ခြံထဲ၌ရှိနေသော ချစ်စဖွယ် နွားပေါက်လေးတွေကို တိုးဝှေ့ကြည့်နေကြ၏။
နွားလေးတွေက အဖြူပေါ်မှာအနက်ရောင်အကွက်လေးတွေနဲ့အားလုံးကဆင်တူမို့ နားရွက်၌နာမည်ကတ်ပြားလေးတွေချိတ်ဆွဲ၍ ခွဲခြားကြသည်။
ထိုနာမည်ကတ်ပေါ်ရှိ စာတွေက်ိုဖတ်ရင်း ကျောင်းသားတွေက သဘောကျနေကြ၏။
ဘာကြောင့်ဆိုတော့ ထိုကတ်ပြားပေါ်၌ရှိသည့် နာမည်အများစုက ရုပ်ရှင်သရုပ်ဆောင်များ၏ နာမည်တွေဖြစ်နေသောကြောင့်ပင်။

"ဟေ့ကောင်.....ဒီမှာကြည့်စမ်း...ရှေးခေတ်က သရုပ်ဆောင်နာမည်တွေပါ ရှိတယ်ကွ! .."

"ဟားးးဟားးး ဟုတ်သားပဲ..."

ပျော်ရွှင်စွာဖြင့် တစ်ယောက်တစ်ပေါက် အော်ဟစ်ဆူညံနေကြသော ကျောင်းသားတစ်စုကြား တစ်ဝါးဝါးသမ်းနေမိသူက ဂျောင်ဂုပင်...
အကြောင်းရင်းက တစ်ညလုံးကောင်းကောင်း အိပ်မပျော်ခဲ့ပါ။တဲအိမ်ထဲမှာ မင်းသားနဲ့အတူတူ ဝင်အိပ်ဖို့က မသင့်လျော်တာကြောင့် အပြင်ဘက်မှာပင် ထိုင်ခုံတစ်လုံးနဲ့မိုးလင်းပေါက်ရှိနေခဲ့ရသည်။

အိပ်ပျော်လိုက်,နိုးလိုက်နဲ့သံသရာလည်နေခဲ့သည်မှာ မိုးလင်းတဲ့အထိပဲ။
ကျွန်တော့်ရဲ့ ရွှေမင်းသားလေးကတော့ ဟိုဘက်က ကျောင်းသားတွေနဲ့ကွဲပြားစွာ အေးချမ်းလို့နေသည်။
တစ်ခြားခြံထဲက နွားသားပေါက်လေးတွေကို နို့ဘူးတိုက်နေသော မင်းသားငယ်...

သူလေးကတော့ အိပ်ရေးဝတယ်ထင်ပါရဲ့...ဘေးဘက်ကကြည့်ရင်တောင် မို့တက်နေတဲ့ ပါးလေးက ပေါက်စီလုံးလေးနဲ့ပင် တူနေသေး၏။
ပြုံးယောင်သန်းနေသော မျက်နှာလေးက နွားပေါက်လေးကို အများကြီး သဘောကျနေတဲ့ပုံ....

"မင်း နို့တိုက်ချင်လို့လား..?"

အမ်...ဘာမေးခွန်းကြီးတုန်း...
နို့တိုက်ရအောင် ကျွန်တော်က နွားမ မှမဟုတ်တာကို...

Gorgeous Kim (Completed)Where stories live. Discover now