~9~

5.4K 848 113
                                    

#Unicode
"ဟုတ်ကဲ့ ဦးလေးကြီး မင်းသားလေး အိပ်ပျော်နေတုန်းပါ...ဟုတ်ကဲ့....စိတ်ချပါခင်ဗျာ.."

ဆက်သွယ်မှု ပြီးဆုံးသွားသည့် ဖုန်းလေးကို အင်္ကျီအိတ်ကပ်ထဲသို့ သေချာပြန်ထည့်လိုက်၏။
ခုတင်ပေါ်မှာ စောင်တွေနဲ့လုံးကာ အိပ်ပျော်လျက်ရှိနေသော မင်းသားကြောင့် ဂျောင်ဂု ပြုံးမိရသည်။

ကားနဲ့ခေါ်လာရင်း လမ်းတစ်ဝက်မှာ အိမ်မပြန်ချင်ဘူး ဟုဆိုကာ ကားပေါ်ကနေ အတင်းပြေးဆင်း၍ လမ်းမပေါ်ထိုင်နေသောကြောင့် ခေါင်းကိုက်ခဲ့ရသည်။
တစ်ယောက်တည်း ဘာလုပ်ရမယ်မှန်းမသိ၍ အိမ်တော်ထိန်းလီ ဆီကို ဖုန်းဆက်ပြောပြလိုက်တော့မှ
အိမ်တော်ထိန်းက ကျွန်တော်တို့ဆီလိုက်လာခဲ့သည်။
နောက်ပြီး မင်းသားငယ်ရဲ့ အပိုင်ထဲက တစ်ခုဖြစ်သည့် တိုက်ခန်းကို လိုက်ပို့ခဲ့ပြီး ကျွန်တော့်ကိုလည်း အဖော်အဖြစ်နေခိုင်းခဲ့တာ ဖြစ်၏။

အခု မနက်ရောက်တော့လည်း အခြေနေကို လှမ်းမေးလို့နေပြန်သည်။
အိမ်တော်ထိန်းကြီးက မင်းသားကိုတော့ အများကြီး သံယောဇဥ်ရှိတဲ့ပုံပဲ။

မင်းသားလေးကတော့ အခုထိ နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲ...။
ဒါလေးက အိပ်နေတဲ့ချိန်တော့ တစ်အား အေးချမ်းနေရောပဲ။
မနေ့ညကဆို ဒီတိုက်ခန်းကိုရောက်တည်းက ဘယ်လောက်တောင် သောင်းကျန်းလိုက်လေသလဲ..?

​ဗလုံးဗထွေးနဲ့ပြောပြောပြီးငိုနေတာ များ လုံးဝကို အရစ်ထုပ်...
ပြောလို့ဝရင် ဆက်ငိုပြီး ငိုလို့ဝရင် လည်း ဆက်ပြောပြန်တာ...
ဒါပေမယ့်လည်း ဂျောင်ဂုမငြိုငြင်ရက်ပါ။
တစ်သက်လုံး ချုပ်တည်းထားသမျှ မွန်းကျပ်မှုတွေကို ထုတ်ပြနေတယ်လို့ပဲ မြင်တာမို့ စိတ်ရှည်ရှည်နဲ့ ချော့ခဲ့ရသလို အသနားလည်းပိုမိသည်။

တစ်ခါမှ မမြင်ခဲ့ဖူးသည့် မင်းသားငယ်ရဲ့ တစ်ဖက်ခြမ်းကို အမှတ်မထင်တွေ့လိုက်ရသလိုပါပဲ။
မူးနေတဲ့ မင်းသားငယ်ဆီက ဆောဟာနူးလ်ဆိုတဲ့ နာမည်ကိုတော့ အများဆုံးကြားရတာမို့ ဂျောင်ဂုထိုတစ်ယောက်ကို စိတ်ဝင်စားတာတော့အမှန်။

တောင်ကုန်းလေးပေါ်ရှ်ိ သစ်ပင်မှာ သေဆုံးခဲ့သည့် နေ့ကို ရေးထိုးထားသည့် ကတ်ပြားပေါ်က နာမည်ပိုင်ရှင်။

Gorgeous Kim (Completed)Where stories live. Discover now