~40~.

4.7K 637 76
                                    

#Unicode

"ဖြောင်း!!!!"

ရိုက်ချက်ကြောင့် လည်ထွက်သွားသည့်မျက်နှာကို ပြန်မော့လိုက်ရင်းမှ နားမလည်နိုင်စွာ အဖွားကို ကြည့်မိသည်။
ကျွန်တော်ဘာအမှားများ လုပ်မိခဲ့လို့လဲ?ခရီးကနေ ပြန်ရောက်ရောက်ချင်း အဖွားဆီကိုနှုတ်ဆက်ဖို့ လာခဲ့တာပါ။

"အဖွား!!!"

"ပါးစပ်ပိတ်ထား...မင်း ဘယ်လိုလုပ်ရပ်မျိုးကို လုပ်နေတာလဲဟမ်!!ကင်မ်ထယ်ယောင်း နင့်ရဲ့ မိသားစုဂုဏ်သိက္ခာကို ဘယ်လိုဖြစ်စေချင်နေတာလဲ"

စိတ်ဆိုးနေသောအဖွားထံမှ စကားတွေကို ထယ်ယောင်း နားမလည်သေး။သူကဘာတွေများ မိသားစုဂုဏ်သိက္ခာကျအောင်လုပ်နေလို့လဲ?

"အဖွား ကျွန်တော်နားလည်အောင်ပြောပါ...ကျွန်တော်ဘာများ လုပ်မိလို့လဲ"

"ဘာများလုပ်မိလို့လဲ ဟုတ်လား?ဒါက ဘာတွေလဲ?မင်းက ယောင်္ကျားလေးမဟုတ်လား ကင်မ်ထယ်ယောင်း...အခြား‌ ယောင်္ကျားတစ်ယောက်ရဲ့လက်ကိုတွဲပြီး ပျော်နေတာမျိုးက ဖြစ်သင့်ရဲ့လား...?"

မျက်နှာဆီ ပစ်ပေါက်ခံလိုက်ရသည့်ဓါတ်ပုံတွေဟာ ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲလို့သွားသည်။
ပါရီမှာ ပျော်မြူးနေသည့် ကျွန်တော်နဲ့ဂျောင်ဂုပုံရိပ်တွေကို ချောင်းရိုက်ထားသည့်ပုံတွေ..
ဘယ်သူကများ ဒီလိုနောက်ယောင်ခံပြီး အကောက်ကြံလဲဆိုတာ တွေးကြည့်နေစရာတောင်မလို...ထယ်ယောင်းဘယ်သွားသွား စောင့်ကြည့်နေမယ့်သူက တစ်ယောက်တည်းသာ ရှိသည်။

"ကဲ ပြော...ဒါကို ဘယ်လိုအကြောင်းပြချက်ပေးမှာလဲ...ဒါက ငါ အထင်မှားနေတာမဟုတ်လား... "

"မဟုတ်ပါဘူး...ဒါက အမှန်တရားပါပဲ.."

ဖုံးကွယ်ထားဖို့ အစတည်းကစိတ်ကူးမရှိတာမို့ အမှန်တိုင်းပြောချလိုက်တော့အဖွားဆီက အော်သံခပ်ကျယ်ကျယ်ဟာ အခန်းထဲဟိန်းခနဲ...

"ဘာ!!!"

"ဟုတ်တယ်လေ....ဒါက ကျွန်တော့် နှလုံးသားခံစားချက်ပဲဟာ.. ဘာ‌ကြောင့် အကြောင်းပြချက်ဆိုတာလိုမှာလဲ"

"တိတ်စမ်း!!မင်းကိုယ်မင်း တော်ဝင်မင်းသားဆိုတာကိုရော သတိရသေးရဲ့လား"

Gorgeous Kim (Completed)Where stories live. Discover now