~34~

4.1K 660 76
                                    

#Unicode

"မင်းသားလေး....မင်းသားလေး..."

အစည်းအဝေးခန်းမထဲထိုင်ရင်း အကြည့်တွေကအဝေးကိုငေးနေကာ အာရုံတွေပါ လွင့်ပျံ့နေသလို ဖြစ်နေသောမင်းသားကြောင့် အိမ်တော်ထိန်းလီမှာ ဆက်တိုက်ခေါ်မိရသည်။
ဒါကိုပင် ပြူးကြောင်ကြောင်လေးမော့ကြည့်နေပြန်သည်မို့ အရှေ့ကို မျက်စပစ်ပြလိုက်တော့မှ လက်ရှိအခြေနေကို သဘောပေါက်သွားသလိုကြည့်ကာ..

"အာ...တောင်းပန်ပါတယ်ဗျာ...ကျွန်တော် အာရုံလွင့်သွားလို့ ကျေးဇူးပြုပြီး နောက်တစ်ခေါက်လောက် ပြောပြပေးပါလား.."

ထယ်ယောင်း အပြောကြောင့် တာဝန်ရှိသူက ခေါင်းတစ်ချက်ငြိမ့်ပြကာ ရှင်းပြီးသားကိစ္စကို အစကနေထပ်၍ ရှင်းပြလေ၏။
ထိုအခါမှ ထယ်ယောင်းမှာ မသိမသာဖြင့် သက်ပြင်းသဲ့သဲ့ချရင်း အလုပ်ထဲကိုသာ အာရုံစိုက်နိုင်ရန် စိတ်တွေကိုသေချာစုစည်းလိုက်ရသည်။

အစည်းအဝေးသိမ်းတော့...

"မင်းသားလေးက အရမ်းတော်တာပဲဗျာ....အခုခြောက်လမပြည့်ခင်မှာကို ဒီလို ရှယ်ယာဇယားကို မြင့်တက်အောင် စွမ်းဆောင်နိုင်တာ နည်းတဲ့ အရည်ချင်းမှမဟုတ်ပဲ.."

"ဟုတ်တယ်...ဟုတ်တယ်...ငါတို့ အထင်သေးမိခဲ့တာ အားနာမိတယ်...ဒီလောက်ဆို ဥက္ကဌကြီး နေရာကို တာဝန်ယူဖို့ လက်ခံနိုင်ပါတယ်.."

အစည်းအဝေးကို သိမ်းလိုက်ပေမယ့် လူကြီးတွေက ဝိုင်းကာချီးကျူးနေကြသည်မို့ ထယ်ယောင်းမှာ အပြုံးတို့ဖြင့် နှုတ်ဆက်နေရသည်။
ခြောက်လပြည့်ဖို့ အနည်းငယ်လိုသေးပေမယ့် ဒီလိုမျိုး အသိမှတ်ပြုပေးကြလို့ ဝမ်းသာရသည်။
အဖေ.... ကျွန်တော် လုပ်နိုင်ခဲ့ပြီ။

"အသိမှတ်ပြုပေးကြလို့ ဝမ်းသာပါတယ်...ခြောက်လပြည့်တဲ့အခါမှာလည်း စိတ်မပျက်စေရအောင် ကြိုးစားပါ့မယ်.."

"စိတ်ချပါ...ဦးလေးတို့အားလုံး မင်းကိုပဲ အပြည့်အဝထောက်ခံပေးမှာပါ.. "

"ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ် ခင်ဗျာ.."

အစည်းအဝေးပြီးတော့ ရုံးခန်းထဲပြန်ရောက်သည်နဲ့ လူက ခြေကုန်လက်ပန်းကျစွာပင် ထိုင်မိတော့သည်။ခြောက်လနဲ့သေမလိုရုန်းကန်နေရတယ်မဟုတ်လား။
ရှုးဖိနပ်ကိုလည်း ဖြစ်သလိုချွတ်ပစ်လိုက်၏။ဒီဖိနပ်တွေက ဘယ်တော့မှ သက်တောင့်သက်သာရှိမနေဘူး။

Gorgeous Kim (Completed)Where stories live. Discover now