~39~

5.2K 639 51
                                    

#Unicode

"အင်း မီဟို...နောက် နှစ်ရက်လောက်မှ ငါတို့ ပြန်ဖြစ်မယ် ထင်တယ်....ပြီးတော့ငါ သူနဲ့ပဲ အတူတူပြန်လိုက်ပါ့မယ်..."

တစ်ဖက်မှဖုန်းအသံကို နားထောင်ရင်း ပြန်ဖြေနေသော ဂျောင်ဂုလေသံက ခပ်အုပ်အုပ်ဖြင့် မတိုးမကျယ်ပြောလို့နေသည်...။
ခုတင်ပေါ်၌အိပ်နေသော မင်းသားငယ် နိုးမနိုးကိုလည်း လှမ်း၍ အကဲခတ်ရသေး၏။

"အေးပါဟာ...ငါကိုရီးယားပြန်ရောက်ရင် တစ်ဝိုင်းဧည့်ခံပါ့မယ်.."

မီဟိုက ဒီကိုစရောက်တည်းက သူ့အားအဖတ်မလုပ်၍ ပူညံပူညံရစ်နေသည်။
ကျွန်တော်ကလည်း ကျွန်တော်ပါ။
စရောက်တည်းက မီဟိုနဲ့အတူ ညစာတစ်ခါပဲ စားဖြစ်ပြီး ထယ်ယောင်းဆီရောက်နေတာလေ...။

"အေးပါဟာ....စိတ်မဆိုးပါနဲ့တော့...သူနေမကောင်းနေတာမို့ ငါက အတူရှိနေမြှဖစ်မှာမို့ပါ..ပြီးတော့ ငါသိမ်းခိုင်းထားတဲ့ အချက်လက်တွေကို သေချာသိမ်းထားပေးနော်....ဒီရက်ပိုင်းအတွင်း ငါတို့ကို​နောက်ယောင်ခံလိုက်နေတဲ့ လူကို ငါသတိထားမိတယ်..."

ထိုအခါ မီဟိုက သတိထားနေရန် စိုးရိမ်စွာ ပြောလာလေ၏။

"အင်း...ငါ သေချာဂရုစိုက်ပါ့မယ်...ဒါကြောင့် ငါတို့ရှာတွေ့ထားတဲ့ အချက်လက်တွေကိုသာ နင်သိမ်းထားပေးပါ...အေးပါ...စိတ်မပူနဲ့...ငါ့ မင်းသားလေးအန္တရာယ်ကင်းအောင် ငါကထားပါ့မယ်..."

အကဲပိုလိုက်တာ ဟူ၍ မီဟိုက ခပ်ရွဲ့ရွဲ့ပြောကာ ဖုန်းချသွားတော့ ဂျောင်ဂုမျက်နှာက ခပ်ပြုံးပြုံး..
အကဲပိုရတယ်ဆိုတာလည်း ကိုယ် ပိုင်ဆိုင်ထားရသူက အကဲပိုရလောက်တဲ့ အဖိုးတန်လေးဖြစ်နေလို့ပဲဟာ...

ခြောက်နာရီဝန်းကျင် မနက်အစောပိုင်းမို့ ချစ်သူက စောင်ပုံထဲ အိပ်ပျော်နေဆဲ...
ကျော့ရှင်းသောလည်တိုင်ထက်က ခပ်နီနီအကွက်လေးတွေနဲ့လှချင်တိုင်းလှနေပြန်သေးသည်။
အရှက်သည်းတက်တဲ့ သူဆိုပေမယ့် အိပ်ယာထဲမှာ အတော်လေးဂျစ်ကျပါသည်။
ပထမဆုံးအကြိမ်မို့လား မပြောတက်။
အတွင်းကိစ္စမှာ ခံစားလွယ်လွန်းသောကြောင့် ခနခနပြီးမြောက်တာကိုပင် တအီအီနဲ့ငိုယိုကာ ရှက်သည်။
နူးညံ့သည့် ဒီနတ်ဘုရားငယ်ကို ခပ်ကြမ်းကြမ်းတောင် မပြုမူရက်သော်လည်း ကျွန်တော်ဟာလည်း ယောင်္ကျားပေမို့ လိုအပ်ခြင်းတို့ ရှိလေသည်။

Gorgeous Kim (Completed)Where stories live. Discover now