~42~

4.1K 603 50
                                    

#Unicode
"ကျွန်တော် မလိမ်ပါဘူး...တကယ်အမှန်တိုင်းပြောနေတာပါ.."

ထယ်ယောင်း အပြောကို မျက်လုံးဝင့်ရုံ တစ်ချက်ကြည့်သော အရာရှိ...

"‌အခုအခြေနေရောက်နေတာတောင် အမှန်တိုင်းမပြောရင် အပြစ်ဒဏ်ပိုတိုးဖို့ပဲရှိမှာပါ.."

"တကယ် အမှန်တိုင်းပြောနေတာ...ကျွန်တော့သူငယ်ချင်းနာကျင်နေလို့ ဓါးကို ဆွဲထုတ်ပေးခဲ့တာ...အပြန်မှာ သူရောကျွန်တော်ပါ ကားတိုက်ခံရတဲ့အထိပဲ မှတ်မိတယ်။မူးယစ်ဆေးဝါးသုံးထားတယ်ဆိုတာ လုံးဝအမှန်မဟုတ်ဘူး။ကျိန်ပြောရဲတယ်"

"ဒီလိုပဲ ဆက်ငြင်းနေမယ်ဆိုရင် တရားစွဲဖို့ လုပ်ရုံကလွဲရင် တစ်ခြားနည်းလမ်းမရှိတော့ပါဘူး"

ထယ်ယောင်းဘယ်လောက်ပင် အာပေါက်မတက်ရှင်းပြပါစေ။
ယုံကြည်ဟန်မပြသော စစ်ဆေး‌ရေးမှုးတွေကြောင့် စိတ်တွေကျဉ်းကျပ်လာရသည်။
ဓါးပေါ်မှာ‌ တွေ့တဲ့လက်ဗွေရာကြောင့်ပဲ ဒီအပြစ်ကနေမရုန်းနိုင်ခဲ့တာ..
ပြီးတော့ မူးယစ်ဆေးသုံးထားသည့် လက္ခဏာ‌ တွေ့တယ်ဆိုတာက လုံးဝလွဲနေသည့် အဖြေ...
ကျွန်တော်က အဲ့လိုပျက်စီးနေသူမှမဟုတ်တာ....

"မဟုတ်ဘူး!!!!မဟုတ်ဘူးလို့!!!!"

မခံစားနိုင်စွာအော်ဟစ်မိတော့ စစ်ဆေးရေးမှုးက စိတ်ပျက်သလိုခေါင်းခါသည်။

"ခနလောက် နားလိုက်ပါဦး...နောက်မှ တစ်ခေါက်ထပ်လာခဲ့မယ်...နောက်တစ်ကြိမ်မှာတော့ အမှန်တိုင်း ဝန်ခံဖို့ မျှော်လင့်တယ်.."

မတရားစွပ်စွဲခံရတာကို ဖြေဖျောက်စေဖို့ နည်းလမ်းမရှိတော့ ရင်ထဲကမွန်းကျပ်မှုကိုသက်သာစေရန်  အောက်နှုတ်ခမ်းကိုသာ နာနာ ဖိကိုက်ထားမိသည်။
ဆစ်ခနဲနာကျင်မှုနဲ့သွေးစတွေကို ခံစားလိုက်ရသော်လည်း ထယ်ယောင်းမမှုနိုင်။

မတရားစွပ်စွဲခံနေရပြီး ဒီလိုဘေးကျပ်နံကျပ်ဖြစ်အောင် ဘယ်သူကများ အငြိုးနဲ့ဖန်တီးလိုက်တာလဲ?
လွန်ခဲ့တဲ့ လေးနှစ်ကျော်က ကိစ္စကိုသိတဲ့လူရင်းတွေထဲက ဘယ်သူဖြစ်နိုင်လဲ?
ဖယ်သင့်တဲ့သူဖယ်လိုက်တော့ ဆောဝန်းဆိုသည့် နာမည်တစ်ခုသာကျန်သည်။
ဒီမျိုးမစစ်ကောင်....ရှယ်ယာဝင်‌ တွေက ကျွန်တော့်ကိုရွေးချယ်လိုက်တာမို့ ဒီကောင်က မစားရတဲ့အမဲအား သဲနဲ့ပက်လိုက်ခြင်းပင်။

Gorgeous Kim (Completed)Where stories live. Discover now