~31~

4.4K 653 80
                                    

#Unicode

ရပ်တန့်ထားသည့် Screen ပေါ်မှ ပုံရိပ်နှစ်ခုအားကြည့်ပြီး ဆောဝန်းနှုတ်ခမ်းတွေက ခပ်ကွေးကွေး...
ထယ်ယောင်း ရဲ့အခြေနေအားလုံးကို စောင့်ကြည့်ချင်တာမို့ တိတ်တဆိတ်တပ်ဆင်ထားခဲ့သည့် ကင်မရာထဲမှာ ဒီလိုမြင်ကွင်းမျိုးတွေ့ခဲ့ရမယ်လို့ မထင်ဘူးလေ။

တော်ဝင်မင်းသားက ယောင်္ကျားခြင်း ချစ်ကြိုက်နေပါသတဲ့။
မိုးမမြင်လေမမြင်ပဲ ရုံးခန်းထဲမှာ အနမ်းခြွေနေသည့် ပုံရိပ်တွေကို ကြည့်ရုံနဲ့ ကင်မ်ထယ်ယောင်းတို့ အချစ်မှာ မျောသွားပြီပဲ။
အဟက်!! ငါ့ကိုကျ မာနတစ်ခွဲသားနဲ့မတူသလိုမတန်သလိုမျိုး ဆက်ဆံခဲ့တဲ့ မိုးကျရွှေကိုယ်က ဒီလိုမျိုးတဲ့လား?
ကြိုက်မယ့်ကြိုက်တော့လည်း သက်တော်စောင့်ဆိုသည့်ကောင်နဲ့...
ဒီသတင်းသာ အပြင်ကို ပေါက်ကြားသွားမယ်ဆိုရင် ဘာတွေဖြစ်ကုန်မှာလဲဆ်ိုတာကို သိချင်ပါသေးရဲ့...

နောက်ပြီး သခင်ကြီး အသစ်ခန့်ထားသည့် ထိုသက်တော်စောင့်ရဲ့ ကြည်လင်နေတဲ့ မျက်လုံးတွေကို အစတည်းက ဆောဝန်းမကြိုက်...
သားကောင်ကို အမိဖမ်းဖို့ ချောင်းနေသည့် သိမ်းငှက်တွေရဲ့မျက်လုံးတွေလိုမျိုး အလွန်လျင်လွန်းတယ် မဟုတ်လား။

ထယ်ယောင်းနားကို ရောက်လာတဲ့သူမှန်သမျှက ထိုသို့သော မျက်လုံးဝိုင်းတွေကို ပိုင်ဆိုင်ထားကြတာပဲ။
ထိုသို့ တူညီနေရတဲ့အကြောင်းရင်းဟာလည်း ခိုင်လုံနေခဲ့တာကို ကျွန်တော်ကလွဲရင် ဘယ်သူမှမသိကြဘူးလေ။
အမြဲခြေတစ်လှမ်းသာနေမှ ဖြစ်မှာမို့ စုံစမ်းထားခဲ့ရာကနေ သ််ိလိုက်ရတဲ့အမှန်တရားက အံ့သြစဖွယ်....

ထိုကောင်က ကျွန်တော့်အကြောင်းတွေကို စုံစမ်းနေတယ်ဆိုတာလည်း ကျွန်တော်သိပြီးသား။
ထယ်ယောင်းရုံးခန်းသို့လာစဥ်က ဖုန်းပြောနေသည်ကို ကြားကာ အိမ်သို့ပြန်ပြီး ထိုကောင့်အခန်းကို ကင်မရာတပ်ခဲ့တာ။
အဟားးးးးလွန်ခဲ့တဲ့ လေးနှစ်ကျော်ကအမှုကိုပါ ရှာနေသေးသတဲ့...ရီစရာမကောင်းဘူးလား။

ဘယ်သူကသိမှာလဲ..?
ကားတိုက်ခံရတဲ့ ဆောဟာနူးလ် နဲ့ ထယ်ယောင်းကို ဆေးရုံပို့ရင် ရှင်နိုင်ပါလျက်နဲ့ သေစေရန်ရည်ရွယ်ပြီး တမင်မပို့ခဲ့တာတွေ...
မေ့မျောနေသည့် ထယ်ယောင်းရဲ့လက်မောင်းထဲကို မူးယစ်ဆေးဝါးထိုးကာ လူသတ်သမားအဖြစ် ဖန်တီးခဲ့တယ်ဆိုတာတွေ...

Gorgeous Kim (Completed)जहाँ कहानियाँ रहती हैं। अभी खोजें