~28~

4.6K 721 45
                                    

#Unicode

အဖေ့ကို ဆိုးလ်သ််ို့ ရွှေ့ခဲ့ပြီးနောက်ပိုင်းမှာတော့ ထယ်ယောင်းအတွက် တာဝန်တွေပိုလာခဲ့သည်။
အဖေမကျန်းမာသည့် အကြောင်းကြားပြီးနောက်ပိုင်းတည်းက တော်ဝင်မိသားစုနဲ့ဆက်စပ်နေသော လုပ်ငန်းတွေမှာ ရုတ်တရက်ကြီး ထိုးကျလာသော ရှယ်ယာတွေ...
အထူးသဖြင့် တော်ဝင်ကင်မ် group ရဲ့ဥက္ကဌ နေရာလစ်လပ်သွားသည်မို့ သူတို့ရဲ့မြုပ်နှံမှုတွေ အလကားဖြစ်မှာကိုကြောက်ပြီး အုတ်အော်သောင်းနင်းဖြင့် ဂယက်တွေထကုန်ကြလို့ ခေါင်းကိုက်နေရပြီ။

နောက်ပြီး ထယ်ယောင်းက ငယ်သေးတာမို့ ဒီလုပ်ငန်းတွေကို မဦးဆောင်နိုင်ဘူးဆိုသော စကားတွေကဟဟိုးလေးတစ်ကျော်။
အဖေက ရုတ်တရက်ကြီး ဒီလိုဖြစ်လိမ့်မယ်လို့ ကျွန်တော်ကရော ဘယ်ထင်ထားခဲ့မိမှာလဲ။ဒါပေမယ့် အခုလို အခြေနေမှာ စိတ်ရှုပ်နေလို့မဖြစ်။

ကျွန်တော် ဒီလို ဓလေ့ထုံးတမ်းအစဥ်အလာတွေကို မုန်းပေမယ့် ဘယ်လိုလုပ်မလဲ။အဖေက ဒီလိုမျိုးဆေးရုံမှာလဲနေခဲ့ပြီမို့ မိသားစု မပြိုလဲသွားဖို့က ကျွန်တော့် ပုခုံးပေါ်က တာဝန်ဖြစ်လာပြီ။
မိသားစုထဲ အငယ်ဆုံးဆိုပေမယ့် ယောင်္ကျားလေးဖြစ်တဲ့ ကျွန်တော်က မားမားမတ်မတ်ရပ်တည်နေမှ တစ်ခြားမိသားစုဝင်တွေ စ်ိတ်မပူရမှာမဟုတ်လား။

"ထယ်ယောင်း...ဒီနေ့ အစည်းအဝေးတက်ဖို့ အဆင်မပြေရင် အစ်ကို သွားပေးရမလား.."

အိမ်တော်ထိန်းလီနဲ့ လုပ်ငန်းကိစ္စတွေကို အဖေ့စာကြည့်ခန်းထဲ၌ ကြည့်နေတုန်း အစ်ကို ဆောဝန်းက ရောက်လာကာမေးနေခြင်းဖြစ်သည်။

"ရပါတယ်....ကျွန်တော်ပဲ သွားလ််ိုက်မယ်...."

"မင်းက လုပ်ငန်းတွေအကြောင်း နားမလည်တော့ အစ်ကိုက စိုးရိမ်လို့ပါ...ရှယ်ယာရှင်တွေနဲ့တွေ့ရမှာ ဒါက ပထမဆုံးမဟုတ်လား.."

ခေါင်းကိုက်ရတဲ့အထဲ ဒီလူက တစ်မှောင့်။ဒါပေမယ့် ဒေါသထွက်ပြလို့ မဖြစ်။သူက ကိုယ့်နေရာကို ကျားချောင်းသလ်ို ချောင်းနေသူမဟုတ်လား။

"အစဆိုပေမယ့် အကောင်းဆုံးလုပ်မှာပါ....စိတ်မပူပါနဲ့ ...ကျွန်တော့်နေရာကို ကျွန်တော် ဘယ်လိုမျိုး ကာကွယ်ရမလဲဆိုတာ သိပါတယ်....."

Gorgeous Kim (Completed)Where stories live. Discover now