~7~

5.6K 880 250
                                    

#Unicode
"ငါတို့ ယောင်းလေး မနိုးသေးဘူးလား.."

အိမ်သို့ရောက်လာခဲ့ပြီဖြစ်သော ထယ်ယောင်း၏ အဖွားဖြစ်သူက ရောက်ရောက်ချင်း သူမရဲ့မြေးကို မေးလို့လာသည်။
အချိန်စောနေသေးတာမို့ ကျောင်းပိတ်ထားသည့် ထယ်ယောင်းကအိပ်ယာကပင် မနိုးသေးပါ။

"မင်းသားလေးက အိပ်ပျော်နေတုန်းပါ သခင်မကြီး.."

"ကျောင်းပိတ်ရက်ဆိုတော့ အိပ်ပါစေ...ဒါနဲ့ ကလေးက အဆင်ပြေရဲ့လား...ဆေးရုံက ထွေထွေထူးထူးပြောသေးလား.."

မင်းသားငယ်ရဲ့ အခန်းဆီကိုသွားနေရင်းကနေ တောက်လျှောက်မေးသောသခင်မကြီးကို အိမ်တော်ထိန်းလီကလည်း မဆ်ိုင်းမတွပင် အဖြေပေး၏။

"အရမ်းစိုးရိမ်စရာတော့မရှိပါဘူး သခင်မကြီး...မင်းသားလေးက သွေးမြင်ပြီး ရှော့ခ်ဖြစ်သွားတာမို့ အခုအဆင်ပြေနေပါပြီ.."

နောက်ဆုံး မင်းသားငယ်ရဲ့အခန်းရှေ့သို့ရောက်လာခဲ့ပြီမို့ တံခါးကိုဖွင့်ပေးလိုက်တော့ သခင်မကြီးဝင်သွားခဲ့သည်။
စောင်ပုံထဲ၌ နှစ်ခြိုက်စွာဖြင့် အိပ်ပျော်နေခဲ့သော မင်းသားငယ်ကို တွေ့တော့ သခင်မကြီးက ပြုံးသွားခဲ့သည်။
မင်းသားရဲ့ နဖူးပေါ်ဝဲကျနေသော ဆံပင်လေးတွေက်ို သပ်ပေးရင်း....

"ကလေးက မျက်နှာလေးတောင် ချောင်ကျသွားတာပဲ....ညဘက်တွေ အိပ်ရောအိပ်ရဲ့လား.."

မြေးဖြစ်သူကို စိုးရိမ်စွာဖြင့် တွေးနေသော သခင်မကြီးက အသက်အရွယ်အားဖြင့် လူကြီးပိုင်းအရွယ်ထဲရှိနေသော်လည်း ကျန်းမာလို့ သန်မာပါသေးသည်။
ငယ်ငယ်တည်းက မိတဆိုးမင်းသားလေးကို အဖွားနေရာအပြင် လစ်ဟာနေတဲ့ အမေနေရာကိုပါ အစားထိုးပြီးပြုစုစောင့်ရှောက်လာတာမို့ အထိခိုက်မခံသလ်ို နည်းနည်းတောင်အငြိုငြင်မခံပါ။
တယောထိုးတာကလွဲလို့ တစ်ချို့ကိစ္စတွေမှာ အကုန်စိတ်တိုင်းကျ ဖြစ်စေပါသည်။

"မင်းသားလေးက ကျောင်းစာတွေကြောင့် ပင်ပန်းနေခဲ့လို့ပါ.."

"ငါအိမ်မှာ မရှိတဲ့အတောအတွင်း ဒီကလေး တယောတီးနေသေးလား.."

အိမ်တော်ထိန်းလီ ရင်ထဲထိတ်သွားရပေမယ့် မျက်နှာမပျက်အောင်နေရင်း..

Gorgeous Kim (Completed)Where stories live. Discover now