~23~

4.7K 696 42
                                    

#Unicode

ခန္ဓာကိုယ်အနှံ့ နာကျင်မှုတွေနဲ့အတူတူ ထယ်ယောင်း နိုးလာခဲ့သည်။အမြင်အာရုံထဲမြင်နေရသည်က မဲမှောင်နေသော ပါတ်ဝန်းကျင်သာ ဖြစ်၏။မူးဝေနေသော ခေါင်းကိုဖိကိုင်ပြီး ထထိုင်ရန်ပြင်လိုက်ပေမယ့် ခြေထောက်ဆီမှ အသဲခိုက်မတက်နာကျင်မှုကြောင့် မနည်းအားယူလိုက်ရသည်။
ဘေးဘီဝဲယာက်ို အကဲခတ်ကြည့်မိတော့ ခပ်လှမ်းလှမ်း၌ လဲကျနေသည့် နူးလ်....

"နူးလ်~~ ထပါဦး.."

ထယ်ယောင်းရဲ့ အားမရှိသည့် လေသံက ခပ်ယဲ့ယဲ့ဖြင့် တိုးညှင်းစွာ...
ထိုသို့ အားကိုးစွာဖြင့် လှမ်းခေါ်သည့်တိုင် နူးလ်ထံမှ တစ်စုံတစ်ရာတုံ့ပြန်မှု  ရှိမနေသောကြောင့် နာနေသောခြေထောက်ကို တရွတ်ဆွဲကာပင် နူးလ်ရဲ့အနားသို့ တိုးကပ်သွားလိုက်၏။

"နူးလ်...သတ်ိထားပါဦး...ထပါ....ငါ ကြောက်တယ်..."

ကိုင်မိသည့် နူးလ်လက်မောင်းတွေ အေးစက်စက်ဖြစ်နေသလို ထယ်ယောင်း ဘယ်လောက်ပင် လှုပ်နိုးနေပါစေ...မတုံ့ပြန်ပဲ ငြိမ်သက်နေသော နူးလ်..။
လက်ဖဝါးကို ဆွဲယူလိုက်စဥ် စေးထန်းထန်းအရည်အချို့​က ထယ်ယောင်းလက်ပေါ်သို့ ပေသွားခဲ့သည်။အခုသေချာကြည့်မိမှ နူးလ်ဟာသွေးအိုင်ထဲလဲနေခဲ့တာဖြစ်၏။
လန့်သွားသည့်စိတ်ကြောင့် လက်ထဲကနေလွတ်သွားသည့် နူးလ်ရဲ့လက်က မြေပေါ်သို့ ဘုတ်ခနဲပြုတ်ကျလို့သွားသည်။
မဟုတ်မှလွဲ!!! ဟင့်အင်း...မဖြစ်နိုင်ပါဘူး။
မယုံကြည်ခြင်းတွေနဲ့ နူးလ်ရဲ့နှာခေါင်းဝ၌ လက်ညိုးလေးထားမ်ိချိန် ထယ်ယောင်းလွန်စွာမှ ထိတ်လန့်သွားရသည်။ပကတိကင်းမဲ့နေသော နူးလ်ရဲ့ ဝင်သက်ထွက်သက်တွေ...

"ဟင့်အင်း...မဟုတ်ဘူးနော်...ငါ့ကို မထားခဲ့ပါနဲ့...ထပါ နူးလ်ရေ.."

ဘယ်လိုမှကို မယုံကြည်နိုင်တာကြောင့် ရှိုက်ငိုရင်း ဆက်တိုက်လှုပ်နိုးနေမိတော့ စောင်းငဲ့ကျလာသည့် နူးလ်ရဲ့ခေါင်းအပြင် ဖျတ်ခနဲ ပွင့်လာခဲ့သော မျက်လုံးတွေ...
ညအမှောင်ထဲ သွေးသံရဲရဲကြား နူးလ်အကြည့်တို့ကြောင့် ထယ်ယောင်းခြောက်​ခြားလာရသည်။
ဒီအကြည့်တွေက ငါ မင်းကြောင့် သေခဲ့ရတာဟု အပြစ်တင်နေသယောင်..

Gorgeous Kim (Completed)Where stories live. Discover now