~15~

5.3K 891 134
                                    

#Unicode
"ဖြေနိုင်ရဲ့လား မင်းသားလေး.."

ဒိီနေ့စာမေးပွဲနောက်ဆုံးနေ့မို့ အတန်းထဲမှာ ထွက်လာပြီဖြစ်သောမင်းသားကိုမြင်တာနဲ့ ဂျောင်ဂုအလျင်မြန်ပင်ကြိုဆိုရင်း မေးလိုက်၏။

"အင်း အဆင်ပြေပါတယ်..."

ထုံးစံအတိုင်း အေးတိအေးစက်နဲ့သာ ပြန်ဖြေ၏။

"တကယ် ဖြေနိုင်တာရော ဟုတ်ရဲ့လား..."

ထပ်ပြီးလျှာရှည်မိတော့ စူးခနဲ ကြည့်ခံလိုက်ရသည်။ဟုတ်တာပေါ့....သူဖြေနိုင်ပါတယ်ဆ်ိုမှ ကျွန်တော်က သွားပြီး အထွန့်တက်မိတာကိုး...။
ထိုအကြည့်ကြောင့် ထပ်မမေးရဲတော့....

ကျောင်းဝင်းထဲကနေ ကားရှ်ိရာဆီ လမ်းလျှောက်ရင်း မင်းသားငယ်က အတွေးများနေသည့်ပုံ...
ဂျောင်ဂုကတော့ လေတိုက်သည့်အခါတစ်လွင့်လွင့်ဖြစ်နေသည့် မင်းသားဆံပင်ပျော့ပျော့တွေ ဝဲခါတာကစလို့...ဘေးတစ်စောင်းမြင်နေရသည့် မျက်နှာလှလှလေးအဆုံး တိတ်တခိုးငေးမောရင်း ဘေးနားမှ ပါလာခဲ့သည်။

"ဒါနဲ့ မင်းကျောင်းက လုပ်တဲ့ ပျော်ပွဲစားခရီးလ်ိုမျိုး သွားဖူးလား..?"

နှစ်ယောက်ကြားထဲက တိတ်ဆိတ်မှုကို ဖြိုပစ်လိုက်သော မင်းသားရဲ့ မေးခွန်း...

"သွားဖူးတာပေါ့...သူငယ်ချင်းတွေနဲ့အတူတူ အုပ်စုလိုက်ကြီးသွားရတဲ့ ကျောင်းပျော်ပွဲစားခရီးက ပျော်စရာအကောင်းဆုံးပဲ...."

"အင်း.."

အားမလိုအားမရအသံနဲ့ပြောပြီး စကားဆက်မလာတော့တာမို့ စကားထောက်ပေးလိုက်မိသည်။

"ဘာဖြစ်လို့လဲဟင်...ကျောင်းပျော်ပွဲစားခရီးသွားဖို့ ရှိလို့လား..?"

"ထားလိုက်ပါတော့.."

"ရှိရင် သွားကြည့်ပါ...တကယ် ပျော်စရာကောင်းတယ်.."

"မသွားတော့ဘူး....ငါ့မှာ အုပ်စုဖွဲ့စရာသူငယ်ချင်းလည်း မရှိဘူး.."

ထိုစကားလေးကြောင့် ဂျောင်ဂုစိတ်မကောင်းဖြစ်မိရသည်။စောနက သူငယ်ချင်းတွေအုပ်စုဖွဲ့လို့ သွားတဲ့ခရီးက ပျော်စရာကောင်းတယ်လို့ ကျွန်တော်က ပြောလိုက်မိတယ်မဟုတ်လား..?

Gorgeous Kim (Completed)Where stories live. Discover now