~22~

4.9K 747 87
                                    

#Unicode
Flash back...

သာယာသောနေ့တစ်ခု၏ ညနေခင်းမှာအဖြူရောင်အင်္ကျီလေးကို  ဝတ်ထားသော ကောင်လေးတစ်ယောက် ရှိနေခဲ့သည်။အာရုံထဲမှာ ပျော်စရာတွေကို တွေးမိနေလို့လားတော့မသိ...ထိုကောင်လေးရဲ့ မျက်နှာဟာ ပြုံးရွှင်လို့နေ၏။

သူကတော့ ထယ်ယောင်းရဲ့သူငယ်ချင်းဆောဟာနူးလ် ပင်..
ဒီနေ့ စာမေးပွဲနောက်ဆုံးနေ့မို့ ထယ်ယောင်းနဲ့အတူတူ လျှောက်လည်ရန် ​ချိန်းထားကြ၏။ဒါကြောင့် ကျောင်းကပြန်ရောက်တည်းက ဟာနူးလ်တက်ကြွလို့နေခဲ့တာ....
အခုလည်း ထယ်ယောင်းလက်ဆောင်ပေးထားသော အင်္ကျီလေးကို ဝတ်ထားရတာမို့ ပျော်ရွှင်နေမိ၏။

ချိန်းဆိုထားသည့်နေရာက ဟာနူးလ်အချိန်ပိုင်းအလုပ်လုပ်သည့် ရပ်ကွက်ရဲ့ လမ်းထိပ်နားရှိ ကော်ဖီဆိုင်တွင် ဖြစ်၏။
ညနေခြောက်နာရီမှ တွေ့ရမည်ဖြစ်သော်လည်း တက်ကြွနေသောစိတ်ကြောင့် နာရီဝက်ခန့်စော၍ ရောက်ရှိလို့နေခဲ့သည်။စောသေးတာမို့ ကော်ဖီဆိုင်ရှေ့မသွားသေးပဲ လမ်းသွယ်လေးထဲမှာ ရပ်စောင့်ရင်း ဟာနူးလ်ရင်တွေ ခုန်နေခဲ့ရသည်။
အိတ်ကပ်ထဲက ပိုက်ဆံလေးကို စမ်းမိတော့ နှုတ်ခမ်းတို့ အလိုလိုပြုံးမိရသေး...
သူ့ရဲ့ မင်းသားဂျစ်တူးလေးကို မုန့်ဝယ်ကျွေးဖို့ ကြိုတင်စုထားခဲ့တာလေ။

တွယ်တာစရာ ကြိုးလေးကို စတွေ့ချိန်တည်းက သူ့ဘက်ကပဲ ဖြည့်ဆည်းပေးချင်တာမို့ ဘယ်အရာမဆို ရအောင်ကြိုးစားခဲ့သည်။
သူ မကြိုးစားနိုင်ခဲ့တာဆိုလို့ ထယ်ယောင်းဆီမှ အချစ်တစ်ခုတည်းသာ ရှိ၏။

တော်ဝင်မင်းသားငယ်လေးကို မချစ်သင့်သလို ဒါဟာ ဖြစ်လာနိုင်သည့် ကိစ္စလည်းမဟုတ်တာမို့ မမျှော်မှန်းရဲတာကို သိပါသည်။ဒါကြောင့် တစ်ဖတ်သတ်ရင်ခုန်သံတွေကို ထယ်ယောင်းမသိအောင် လျှို့ဝှက်ထားခဲ့သည်သာ...
ထယ်ယောင်းက ခေါင်းမာပြီးဆိုးပေမယ့် တကယ်တမ်းကျ ကောင်းကင်မှာရှိနေသည့် တိမ်တွေလို ဖြူဖြူစင်စင်လေး။

ထိုအဖြူထည်လေးကို ဆောဟာနူးလ်ဆိုသည့် ကျွန်တော့်လို မိဘမဲ့တစ်ယောက်က ကာကွယ်စောင့်ရှောက်ပေးချင်နေတဲ့ ကိစ္စဟာ အနည်းငယ်တော့ ရီစရာကောင်းလှပေမယ့် မတက်နိုင်။
အဖြူရောင်လေးက သိပ်ကို မြတ်နိုးစရာကောင်းလွန်းတာမို့ စိတ်စေရာအတိုင်း လုပ်နေမိခြင်းသာ။

Gorgeous Kim (Completed)Where stories live. Discover now