~17~

5.2K 812 71
                                    

#Unicode
မင်းသားကို ပွေ့ချီပြီး စခန်းချထားသည့်နေရာကို ရောက်သည်နဲ့ ဂျောင်ဂုဘေးသို့လူအများစုဝေးလို့လာသည်။
လက်ထဲ၌ မေ့မြောနေသော မင်းသားကြောင့် ကျောင်းသားတွေအပါအဝင် ဆရာတွေအားလုံးလည်း အထိတ်တလန့်ဖြစ်ကုန်ကြတော့၏။

"မင်းသားလေးက ထိခိုက်ထားတာလား...ဘာဖြစ်လာကြတာလဲ..?"

"မီဟို....ဒေါက်တာ ရှင်းမီဟိုကို တစ်ယောက်လောက်သွားခေါ်ပေးကြပါ..."

ဂျောင်ဂုစကားကြောင့် ကောင်လေးတစ်ယောက်က အပြေးလေးထွက်သွား၏။
သိပ်မကြာလိုက်...
ဆေးသေတ္တာကိုဆွဲလျက် မီဟိုက ရောက်လာခဲ့သည်။

"ဂျောင်ဂု... ဘယ်လိုဖြစ်လာတာလဲ.."

"ငါလည်း သေချာမသိဘူး...လေရဟတ်တွေရှိတဲ့ တောင်ကုန်းဘက်ကို ငါတို့သွားခဲ့တာ...ငါ ဖုန်းဝင်လာလို့ ​အောက်ဘက်ကို ခနဆင်းသွားပြောပြီး ပြန်လာတဲ့အချိန်မှာ ပြုတ်ကျလာတာပဲ တွေ့လိုက်ရတယ်.."

"သူ့ကို အိပ်ယာထဲ ချပေး...ငါ စစ်ဆေးကြည့်မယ်..."

တဲအိမ်ရဲ့ အတွင်းဘက်ရှိ အိပ်ယာထဲသို့ ချပေးလိုက်ပြီးနောက် မီဟိုနဲ့ သူ့အဖော်တို့က စတင်၍ စမ်းသပ်ကြလေသည်။
ဂျောင်ဂုမှာတော့ မေ့မြောနေသည့် မင်းသားရဲ့ မျက်နှာကိုကြည့်ရင်းနဲ့ ဆို့နင့်လာရသည်။
နဖူးစပ်နားမှာ သွေးတွေစီးကျနေပြီး မျက်နှာနုနုလေးနဲ့ လက်တွေမှာလည်း ပွန်းပဲ့ဒဏ်ရာတွေနဲ့လေ....
ကျွန်တော် မှားတာပါ....တစ်ယောက်တည်း မထားခဲ့သင့်တာ။

"မီဟ်ို အခြေနေဘယ်လိုရှိလဲဟင်.."

"လောလောဆယ်တော့ သွေးတိတ်အောင်လုပ်ထားပြီးပြီ...ပိုပြီးစိတ်ချရအောင် ဆေးရုံကိုရွှေ့ကြတာပေါ့...ခေါင်းခိုက်မိထားတာမို့ ဓါတ်မှန်ရိုက်ကြည့်ရမယ်.."

လက်ကလည်း တောက်လျှောက်လုပ်စရာရှိတာလုပ်ရင်း သူမေးတာကိုလည်း မီဟိုက ပြန်ဖြေ၏။

"ငါ ဆေးရုံကားခေါ်လိုက်ဦးမယ်..."

မီဟိုက  ဆေးရုံကားကိုဖုန်းဆက်ခေါ်လိုက်၏။
ဆယ့်ငါးမိနစ်အတွင်း ရောက်ချလာသော လူနာတင်ကားပေါ်သို့ မင်းသားကို တင်ပြီး ထွက်ခွာခဲ့ကြပြီမို့  စောနက စုရုံးနေခဲ့သော လူအုပ်သည်လည်း ပြန်တည်ငြိမ်သွားခဲ့သည်။

Gorgeous Kim (Completed)Where stories live. Discover now