~4~

6.7K 1K 372
                                    

#Unicode
အနက်ရောင်ပေတစ်ရာလမ်းမပေါ်၌ မီးခိုးငွေ့တွေက မြူခ်ိုးအလားအုံ့ဆိုင်းလို့နေ၏။
ဘေးပါတ်ပါတ်လည်မှာလည်း အရာရာဟာ မှောင်အတိဖြင့် ဘာမှမမြင်ရ။

မျက်စိရှေ့က အဝေးတစ်နေရာမှာ အလင်းရောင်သဲ့သဲ့ကို မြင်လိုက်ရတာမို့ မြူခိုးလိုလိုဝေ့ဝဲနေသည့် ထိုမီးခိုးငွေ့တွေထဲ တိုးဝင်ကာ ထယ်ယောင်း လျှောက်လာခဲ့လိုက်တော့ တွေ့လိုက်ရသည်က သွေးသံရဲရဲဖြင့် လဲနေခဲ့သော နူးလ်...

ဟင့်အင်းးးးးနူးလ်က ဘာလို့ ဒီလိုမျိူးရှိနေတာလဲ..?
ပြီးတော့ ကျွန်တော့်လက်ထဲမှာ ဓါးတစ်ချောင်းရှိနေပြီး သွေးတွေနဲ့မို့ ယောင်ယမ်းကာ လွှတ်ချလိုက်မိ၏။
မဟုတ်ဘူး...ဒီဓါးက ဘယ်ကနေဘယ်လို!

ထပါ....နူးလ်ရေ...ထပါ ငါတို့ ထွက်ပြေးကြရအောင်လေ။
ထို့နောက် လဲကျနေသော နူးလ်ကို လှုပ်နှိုးနေရင်း ရုတ်တရက်ဆိုသလို ပွင့်လာသော နူးလ်မျက်လုံးတွေကြောင့် လန့်သွားရသည်။
နူးလ်ရဲ့ အကြည့်တွေက အေးစက်ခက်ထန်လို့နေ၏။

ဟင့်အင်း! မဟုတ်ဘူး နူးလ်....ငါ့ကို ဒီလိုမျိုး မကြည့်ပါနဲ့။
သူ့စိတ်ထင်​လို့ပဲလား...လဲကျနေတဲ့နူးလ်က စကားပြောနေသလိုမျိုး နူးလ်ရဲ့အသံကိုပါ ကြားယောင်မိသည်။

"ငါသေရတာ မင်းကြောင့် ကင်မ်ထယ်ယောင်း...!မင်းက နတ်ဆ်ိုးပဲ.."

နားနှစ်ဖက်ကို အုပ်ရင်း ခေါင်းကိုခါယမ်းကာပင် ငြင်းဆန်မိသည်။
ဟင့်အင်းးးးနူးလ်....မဟုတ်ဘူးးးး

ထိုအချိန်မြင်ကွင်းကပြောင်းလဲသွားပြန်၏။လူအုပ်ကြီးရဲ့အလယ်မှာ ရပ်နေခဲ့သော ထယ်ယောင်း...
ထိုလူတွေက ကျွန်တော့်အား လက်ညိုးထိုးကာ အပြစ်ပြောနေကြတဲ့အသံတွေ...

/ဒီကောင်ပေါ့....သူ့သူငယ်ချင်းကို သတ်ခဲ့တာ....သူသေသွားရမှာ...သူက လူသတ်သမားပဲ../

မဟုတ်ဘူး...ခင်ဗျားတို့ထင်သလိုကျွန်တော် နူးလ်ကို မသတ်ဘူး။
ကျွန်တော် မသတ်ဘူး....!

"ကျွန်တော် မသတ်ခဲ့ဘူးလို့!!!!!!!
ဆောဟာနူးလ်...!!!"

အာခေါင်ခြစ်၍ အော်ဟစ်လိုက်ပြီးနောက် ထယ်ယောင်းမျက်လုံးတွေပွင့်လာခဲ့သည်။
မောဟိုက်နေသော ရင်တစ်ခုလုံးမှာ ထိတ်လန့်မှုတွေ နေရာယူနေပြီး ပါးပေါ်သို့ မျက်ရည်တွေက ဆက်တိုက်စီးကျလို့လာခဲ့သည်။

Gorgeous Kim (Completed)Where stories live. Discover now