~24~

4.6K 671 54
                                    

#  Zawgyi

ဟိုတယ်အခန်းတစ်ခုရှိ ခုတင်ပေါ်၌ တူတူရှိနေသောစုံတွဲတစ်တွဲ
စောင်တစ်ထည်တည်းအတူတူခြုံထားသော်ငြား နှစ်ဦးလုံး၌ အဝတ်တို့ကပ်မနေ...
အမျိုးသားရဲ့လက်မောင်းပေါ်ခေါင်းအုံးရင်း ရင်ခွင်ထဲတီတီတာတာ ပြောနေသည့် အမျိုးသမီးဟာ ချွဲဟယ်ဘင်ဖြစ်ပြီးး သူမနဲ့တူတူရှိနေသူက ဆောဝန်းပင်ဖြစ်၏။

"ကိုကို ...ဟိုတစ်ယောက်ကို ဘယ်တော့ရှင်းပစ်မှာလဲ.."

ခပ်ချွဲချွဲအသံဖြင့် ပြောလာသည့် ဟယ်ဘင်ရဲ့ မျက်နှာလေးဟာ စိတ်ကောက်သလိုမျိုး အနည်းငယ်ဆူပုပ်ပုပ်လေးဖြစ်နေ၏။

"မကြာခင် ရှင်းမှာပါ...အချစ်ရဲ့ ဘာတွေ  စိုးရိမ်နေတာလဲ..?"

"စိုးရိမ်ရတယ် ကိုကိုရဲ့. ..ကိုကိုက အိမ်သူသက်ထာကြီးရှိနေတော့ ဘယ်အချိန် သူ့လက်ထဲ မိသွားမလဲဆိုပြီး ရင်တန်နေရတာ...နောက်ပြီးသူက ဘယ်ချိန်များ အချစ်ကို ထားခဲ့မလဲလို့ တွေးရင်း ညညဆို အိပ်မပျော်ဘူး သိရဲ့လား..."

အကဲပိုမလေးရဲ့ ပါးကို တစ်ချက်ဖိနမ်းလိုက်ရင်း...

"စိတ်ချပါ...ကိုကိုက ဟောဒီက ဟယ်ဘင်လေးကိုသာ အချစ်ဆုံးပဲဆိုတာကို မသိဘူးလား..."

"သိရင် မြန်မြန်တူတူနေရအောင်.ကိုကိုနဲ့ဒီလိုမျိုး ခိုးကြောင်ခိုးဝှက် တွေ့နေရတဲ့ အခြေနေကနေ လွတ်ချင်ပြီ..."

"ဟုတ်ပါပြီ အချစ်ရယ်...ကိုယ် အမြန်ဆုံး အကောင်ထည်ဖော်ပါ့မယ်...ခက်တာက ကိုကို လိုချင်တဲ့ အခြေနေမရသေးဘူးလေ..."

"ဘာတွေကခက်ခဲနေတာလဲ...ကိုကိုက သားမက်အကြီးပဲ မဟုတ်လား.."

"ထယ်ယောင်း...ကင်မ်ထယ်ယောင်းး ရှိသေးတယ်လေ...သူက သားအရင်းမို့ ရှိသမျှအကုန် အမွေဆက်ခံရမှာ.."

"ကျစ်!! ဒါဆိုလည်း ဘိုးတော်ကြီးကို အရင်ရှင်းပစ်လိုက်ရင်ရော..?"

ဟယ်ဘင် အပြောကြောင့် ဆောဝန်းမျက်လုံး တို့လက်ခနဲ ဖြစ်သွားရသည်။
ဟုတ်တာပေါ့...ထယ်ယောင်းက သူ့အဖေသာမရှိရင် ဘာမှအာဏာရှိနေမှာမဟုတ်ဘူး။အဖိုးကြီးကိုသာရှင်းပစ်နိုင်ရင် လုပ်ငန်းအားလုံးကို နားလည်နေသော သူက သားမက်အကြီးမို့ ဦးဆောင်ခွင့်ရလာမှာပဲ။နောက်မှ ဖြေးဖြေးချင်း အပိုင်ဖြစ်အောင် လုပ်ရင်လည်း နောက်မကျသေးပါဘူး။

Gorgeous Kim (Completed)Where stories live. Discover now