~44~

4.7K 611 85
                                    

#Unicode
မောဟိုက်နေသော ရင်ဘတ်ကို ခက်ခဲစွာထိန်းလို့အသက်ရှုရင်း ပြေးနေခဲ့သော ဂျောင်ဂု...

ပြေးလာတဲ့လမ်းတစ်လျှောက်လုံး အမှောင်ထုထဲမှာ ဂျောင်ဂုတစ်ယောက် စမ်းတစ်ဝါးဝါးဖြစ်လို့နေကာ ဘေးပါတ်ဝန်းကျင်ကို သဲကွဲစွာမမြင်ရ။
ဘယ်နေရာကိုရောက်နေမှန်းမသိသလို လူနဲ့တူတာဆိုလို့ ဘယ်သူမှကိုလည်းမတွေ့ရပါ...။

သူ ထယ်ယောင်းကို လိုက်ရှာနေခဲ့တာ....သူနိုးလာတဲ့အချိန် ထယ်ယောင်းမရှိနေခဲ့ဘူး။

အခုထိ ထယ်ယောင်းနာမည်ကို ဆက်တိုက်အော်ခေါ်ရင်း ပြေးလာခဲ့ပေမယ့်လည်း ပြန်ထူးသံ‌မကြားရသလို အရိပ်ယောင်လေးပါ မမြင်ရတာမို့ ရင်တွေပူလာရသည်။

"ထယ်ယောင်း မင်း ဘယ်မှာလဲ...ကျေးဇူးပြုပြီး ကိုယ့်ဆီပြန်လာပါ...!"

အရှေ့ဆက်တိုးလေ ပိုလို့မှောင်မဲလေ...
ထိုအချိန် မျက်လုံးထဲလင်းခနဲဖြစ်လာသည့် ကားမီးရောင်စူးစူး...
ထိုမီးရောင်ကို အားပြုကာကြည့်မိတော့ လမ်းမထက်မှာ ထယ်ယောင်းဟာ သွေးအိုင်ထဲလဲကျနေတာကို တွေ့လိုက်ရသည်။

အနားကိုပြေးသွားချင်ပေမယ့် သူ့ခြေထောက်တွေ မရွေ့သလို အသံတွေလည်း ထွက်မလာပဲ လည်ချောင်းထဲမှာလည်း တစ်ဆို့လို့နေသည်။
သွေးအိုင်ထဲကနေ ထယ်ယောင်းက သူ့နာမည်ကို နှုတ်ခမ်းလှုပ်ရုံခေါ်တာကို ‌တွေ့လိုက်ရသည့် တစ်ခန ရင်ကွဲမတက်ပင် အာခေါင်ခြစ်ကာ အော်မိတော့သည်။

"ထယ်ယောင်း!!!!ထယ်ယောင်း!!!"

နာမည်ကို အော်သံနဲ့အတူတူ လူကဆတ်ခနဲ ထထိုင်မိသည်။
‌အဝေးကနေပြေးလာခဲ့သလို မောဟိုက်လို့နေပြီး မျက်ဝန်းတို့ကို ဟိုဒီကစားကြည့်တော့ ထယ်ယောင်းတိုက်ခန်းမှာဆိုတာ သိလိုက်ရသည်။
ဒါဆို ထယ်ယောင်းရော...
ဘေးကို အမြန်ငဲ့ကြည့်မှ ခပ်ကွေးကွေးလေးလှဲကာ အိပ်ပျော်နေသည့် ထယ်ယောင်းကို တွေ့လိုက်ရသည်။

ထိုအခါမှ သူရင်ပူ‌‌တာတွေ သက်သာပြီး သက်ပြင်းပင်ချမိရသည်။

ကျွန်တော် အိမ်မက်ဆိုးမက်နေခဲ့တာပဲ။ညတည်းက ဟိုဟိုဒီဒီလျှောက်တွေးရင်း အိပ်ပျော်သွားတာမို့ မဟုတ်တာတွေလျှောက်မက်တာဖြစ်မည်။

Gorgeous Kim (Completed)Where stories live. Discover now