သွင်(Part~2)*Unicode

713 39 3
                                        

သွင်တို့ ရွာတွင်  မူကြိုကျောင်း ရှိသော်လည်း သွင် တတ်ခွင့်မရပေ။သွင့် ဖေဖေသည်လည်း အလုပ်ကို ဇွဲနပဲကြီးစွာ လုပ်ကိုင်နေပြီး သွင့်မေမေသည်လည်း အိမ်တွင် ကုန်စုံဆိုင်လေး ဖွင့်ဖို့ရာ အတွက် ကြိုးပမ်းနေရလေသည်။

ထိုကြောင့် မိဘများ အလုပ် လုပ်နေချိန်တွင် အိပ်ပျော်နေသည့် ညီငယ်လေးကို ပုခက် လွှဲပေးဖို့ရာ အတွက် သွင် မူကြိုကျောင်းသို့ သွားခွင့် မရခဲ့ပေ။

သွင့် တာဝန်က ပုခက် လွှဲပေးရန် တစ်ခုတည်း အတွက်သာ ဖြစ်လေသည်။ညီငယ်လေး နိုးသွားလျှင်ဖြင့် သွင် အနားကပ်ခွင့် မရှိတော့ချေ။သွင့် ဖေဖေမှ လွဲလျှင် ျိုးများ အားလုံးသည်ပင် ညီငယ်လေးကို ဖူးဖူးမှုတ်ထားကြသဖြင့် သွင် ထိခိုက်အောင် လုပ်မိမည်ကို စိုးရိမ်နေကြရှာလေသည်။

ထို့ကြောင့် သွင်သည် ညီဖြစ်သူ တိုးတတ်လျှံလေးကို ခိုး၍သာ ချစ်ရရှာလေ၏။

                         🤍🤍🤍

အိမ်နှင့် ခပ်လှမ်းလှမ်းတွင် ရှိသည့် မူကြိုကျောင်းမှ ကလေးများ၏ ပျော်ပျော်ပါးပါး ဆော့ကစားနေသည့် အသံများကိုသာ နားထောင်၍ သွင် ပြုံးရလေသည်။

သွင်သည် ထိုကလေးများ ဆော့ကစားနေ
သည့် ပုံပန်းသဏ္ဍာန်များကိုသာ မျက်လုံးထဲတွင် ပုံဖော်၍ အိမ်၏ ချောင်ကျသည့် နေရာများတွင် တိတ်တိတ်လေး နေရသည်ကို နှစ်သက်၍ လာခဲ့လေ၏။

                          🤍🤍🤍

ယနေ့သည် တိုးတတ်လျှံလေး တစ်နှစ်ပြည့်သည့် နေ့ထူးနေမြတ်လေးပင် ဖြစ်ပေသည်။

သွင်တို့ အိမ်တွင် မွေးနေ့အတွက် ဆွမ်းကပ်ပေးသဖြင့် လူစည်ကားလို့ နေလေသည်။ထို့ကြောင့် သွင် အနေရခက်လေ၏။

အကြောင်းမှာ လူတွေ အားလုံး အိမ်ပေါ်တွင် ခြေချင်းလိမ်ကာ အလုပ်ရှုပ်နေကြပေမဲ့ လေးနှစ်သား အရွယ် သွင့်သည် အသုံးဝင်သည့် နေရာ မရှိပေ။ထို့ကြောင့် သွင်သည် သနပ်ခါး လူးသည့် ခုံတွင် ငြိမ်ငြိမ်လေး ထိုင်နေလေ၏။

သွင်(Completed)Where stories live. Discover now