Part~17
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸သွင်တို့ နှစ်ယောက် အလုပ် လုပ်မည့် နေရာသည် cafe နှင့် bar တွဲ၍ ဖွင့်ထားသည့် ဆိုင်ဖြစ်လေသည်။
ဒိုးဆက်သည် မြို့ပေါ်ရှိ အမျိုးတွေဆီကို မကြာခဏ အလည်လာတတ်သဖြင့် ထို bar မှ သူဌေးနှင့် ရင်းနှီး၍ နေလေသည်။ထို့ကြောင့် သွင်တို့ နှစ်ယောက်လုံး အသက်မပြည့်သေးပေမဲ့ အလုပ်ရလေ၏။
"အသွင်... ဒီဘက်က ဒီ bar ရဲ့ သူဌေး
ကိုထူးမြတ်သော်တဲ့၊ကိုသော်... ဒါ ကျွန်တော့် ညီလေး... နာမည်က သွင်"
ဒိုးဆက် မိတ်ဆက်ပေးလာသည့် သူဌေးသည် အသက်ကြီးကြီး မဟုတ်ပေ။အသက် (၂၅) ဝန်းကျင်ရှိသည့် လူချောလေး တစ်ယောက် ဖြစ်လေသည်။သို့ပေမဲ့ ထိုချောမောခံ့ညားမှုများသည် သွင့်ကို မယှဉ်နိုင်ပေ။
သွင်သည် ဆယ်ကျော်သက် အရွယ်သာ ရှိသေးပေမဲ့ အမျိုးသမီးထုကြီးကို ကိုင်လှုပ်နိုင်သည့် သွင်ပြင်မျိုးရှိလေသည်။အထူးသဖြင့် သွင့်ထံတွင် ရှိသော သွားစွယ်လေးများက လူတိုင်းကို ဖမ်းစားနိုင်လေ၏။သို့ပေမဲ့ လွယ်လွယ်နှင့် မပြုံးတတ်သည့် သွင်ကြောင့် ထိုဆွဲဆောင်မှုရှိသည့် သွားစွယ်လေးများကို မြင်ရဖို့ရာ ခက်ခဲလှလေသည်။
"ကဲ... ညီလေးတို့ နှစ်ယောက်က ဒီလောက်သန့်ပြန့်နေတာ၊အစ်ကို စားပွဲထိုး လုပ်ခိုင်းရမှာတောင် အားနာတယ်ကွာ၊အစ်ကိုသာ ချမ်းသာရင် မင်းတို့ကို idol ပဲ လုပ်ခိုင်းမှာ"
သွင်နှင့် ဒိုးဆက်တို့ နှစ်ယောက်သား ရေလိုက်သင့်၊ငါးလိုက်သင့်သာ ရယ်လိုက်ကြလေသည်။သို့သော် သွင်သည် အမှန်တကယ် ရယ်သည် မဟုတ် ပြုံးရုံလေးသာ ဖြစ်လေ၏။
ထိုခဏတာ အပြုံးလေးသည် bar ထဲရှိ လူနည်းစုကို အာမေဋိတ်သံများ ထွက်ပေါ်လာစေ၏။
ထူးမြတ်သော်သည် သွင့် ပခုံးကို ပုတ်လိုက်ရင်း
"ကဲ... ငါ့ညီရေ၊နောက်နေ့ကနေ စပြီး အစ်ကို့ဆိုင် လူစည်တော့မှာကွ၊နှစ်ယောက်လုံး မနက်ဖြန်က စပြီး အလုပ် လာဆင်းကြပေတော့"
သို့နှင့် သွင်တို့ အလုပ်ရလေတော့သည်။
Bar ရော၊cafe ရော တွဲဖက်ပြီး ဖွင့်၍ ထားသဖြင့် သွင်တို့ နှစ်ယောက်အတွက် အဆင်ပြေလှလေသည်။
ВЫ ЧИТАЕТЕ
သွင်(Completed)
Любовные романыရင်ဘက်ထဲမှာ တိတ်တဆိတ် ဖြစ်ထွန်းနေခဲ့တဲ့ အစိုင်အခဲလေးတွေ ဘယ်လောက်တောင် များနေခဲ့လိုက်မလဲ ကိုးရယ်... #ဂျိုးဆက် ပျော်ရွှင်မှုဆိုတာ ကျွန်တော်နဲ့ မသက်ဆိုင်လေတဲ့ သိပ်တန်ဖိုးကြီးတဲ့ အရာ... #သွင် သွင်က ကျွန်တော် မဖြိုချရက်ခဲ့တဲ့ သိပ်မာကျောတဲ့ နှလုံးသား တစ...
