"အသွင် ပြန်တော့မှာလား"
အိမ်ဝတွင် ဖိနပ် စီးနေသည့် သွင့်ကို ဒိုးဆက်က မေးလာလေသည်။
သွင့် အနေနှင့် အိမ်ပြန်မည့် ကိစ္စကို မည်သူ့ကိုမျှ ခွင့်တောင်းဖို့ရာ မလိုအပ်တော့ဟု သတ်မှတ်လိုက်ပြီ ဖြစ်လေသည်။
သွင် ဖိနပ်ကို ပြီးအောင် စီးပြီးခါမှ ဒိုးဆက်ကို ပြန်ဖြေလိုက်လေ၏။
"အင်း ... ငါ ပြန်နှင့်မယ်"
ဒိုးဆက်သည်လည်း လွယ်အိတ်ကို ဖျတ်ခနဲ ဆွဲယူလိုက်ကာ သွင်နှင့် အတူ ပြန်လိုက်ဖို့ ပြင်လေ၏။ထိုအခါ သက်နှင်းဖြူသည်
ဒိုးဆက်ကို တားလေတော့သည်။
"ဒိုးဆက်... စာ မပြီးသေးဘူးလေ... အရေးကြီးတဲ့ စာတွေ ရှိသေးတယ်နော်"
ဒိုးဆက်သည် သွင့် ပခုံးကို ဖက်လိုက်ရင်း
"အသွင့်လောက် ဘယ်စာမှ အရေးမကြီးဘူး"
ဒိုးဆက်၏ စကားကြောင့် အိမ်ပေါ်ရှိ လူများ အားလုံး ကြောင်အ သွားကြလေ၏။
အိမ် အပြန်လမ်း တစ်လျှောက်လုံး ဒိုးဆက်
နှင့် ပတ်သတ်၍ သွင့် စိတ်အခြေအနေ မကောင်းပေ။
ဒိုးဆက်အပေါ် သဝန်တိုသည်လား၊စိတ်ဆိုးနေသည်လားကိုပင် သွင် မခွဲခြားနိုင်တော့ပေ။သဝန်တိုသည် ဆိုပြန်သော်လည်း ဘာကြောင့် သဝန်တိုသည်မှန်း အကြောင်းအရင်းကို သေချာ မှန်အောင် ဝေခွဲမရ ဖြစ်နေရလေသည်။စိတ်ဆိုးသည် ဆိုပြန်သော်လည်း သူ့ကို ရိုက်သည်မှာ
သက်နှင်းဖြူသာ ဖြစ်ပြီး ဒိုးဆက် မဟုတ်ပြန်ပေ။
"အသွင်... ထီးပါလား... မိုးဖွဲလေးတွေ ကျနေတယ်"
ဒိုးဆက် ပြောကာမှ ခေါင်းပေါ်ကို စမ်းမိလေသည်။အမှန်ပင် မိုးဖွဲလေးများ ကျနေလေသဖြင့် ဆံပင်များ အနည်းငယ် စိုနေလေပြီ ဖြစ်၏။
သွင် လွယ်အိတ်ထဲမှ ခေါက်ထီးလေးကို ထုတ်လိုက်ပြီး ထီးကို ဖွင့်ကာ ဒိုးဆက်ကိုပါ ဆောင်းပေးလိုက်လေသည်။
ရုတ်တရက် ဒိုးဆက်သည် သွင့် ပခုံးကို ဖက်လိုက်ပြီး ခန္ဓာကိုယ် နှစ်ခုကို နီးကပ်စေလိုက်လေ၏။သွင် လန့်သွားသဖြင့် ဒိုးဆက်ကို မျက်မှောင် ကြုတ်၍ ကြည့်လိုက်ရင်း
YOU ARE READING
သွင်(Completed)
Romanceရင်ဘက်ထဲမှာ တိတ်တဆိတ် ဖြစ်ထွန်းနေခဲ့တဲ့ အစိုင်အခဲလေးတွေ ဘယ်လောက်တောင် များနေခဲ့လိုက်မလဲ ကိုးရယ်... #ဂျိုးဆက် ပျော်ရွှင်မှုဆိုတာ ကျွန်တော်နဲ့ မသက်ဆိုင်လေတဲ့ သိပ်တန်ဖိုးကြီးတဲ့ အရာ... #သွင် သွင်က ကျွန်တော် မဖြိုချရက်ခဲ့တဲ့ သိပ်မာကျောတဲ့ နှလုံးသား တစ...
