သွင် တတိယတန်းသို့ ရောက်သည့်အခါ
တိုးတတ်လျှံနှင့် ဂျိုးဆက်တို့သည်လည်း သူငယ်တန်း စတတ်ရလေသည်။ထိုကလေး နှစ်ယောက်သည် တကူးတက သွား၍ နေရမည့် အတန်းကို နေရာချပေးစရာ မလိုပေ။"ကိုကြီးသွင် ထိုင်ခဲ့သည့် နေရာမှာပဲ ထိုင်မယ်" ဟု ဆိုကာ နောက်ဆုံးတန်းတွင်သာ ရွေး၍ ထိုင်ကြလေသည်။
တိုးတတ်လျှံနှင့် ဂျိုးဆက်သည် စိတ်တူ၊ကိုယ်တူ စွာတေးလန်များ ဖြစ်ကြသဖြင့် တစ်ခြား ကလေးများ အနိုင်ကျင့်မှာကိုလည်း စိတ်ပူစရာပင် မလိုပေ။ထို့ကြောင့် သွင်သည်လည်း စိတ်အေးရလေ၏။
သွင်တို့ ကျောင်းမှ အိမ်ပြန်သည့် လမ်းတွင် တံတားပေါင်း များစွာ ရှိလေသည်။ထိုတံတားများထဲမှ မိုးကြီး၊ရေးကြီးသည့်အခါ ခင်းထားသည့် အုန်းတုံးတွေ ရေပေါ်တွင် ပေါ်နေတတ်သည့် တံတား တစ်ချောင်းလည်း ရှိလေသည်။
ယနေ့သည် စတုတ္ထတန်း ကျောင်းသားကြီး ဒိုးဆက်၏ ဗိုက်အောင့်သည်ဟု လိမ်လည်ကာ ကျောင်းပြေးသည့်နေ့ ဖြစ်လေသည်။
ထို့ကြောင့် သွင် တစ်ယောက်တည်း ကလေး နှစ်ယောက်နှင့် အတူ ထိုတံတားကို ကူးရလေ၏။အုန်းတုံးများ ရေပေါ်တွင် ပေါ်နေသဖြင့် တုံးတွေသည်လည်း ချာလည် လည်နေ၏။ထိုကြောင့် သွင်သည် တိုးတတ်လျှံနှင့် ဂျိုးဆက်ကို တစ်လှည့်စီ ကျောတွင် ပိုးကာ တံတား၏ တစ်ဖက်ခြမ်းသို့ ပို့ရလေတော့သည်။
ကလေး နှစ်ယောက်လုံးကို ပို့ပြီးခါမှ တံတား တစ်ဖက်တွင် ကျန်နေခဲ့သည့် လွယ်အိတ်တွေကို ပြန်သယ်ရလေသည်။
သို့ပေမဲ့ ကံ အကြောင်း မလှစွာ နင်းလိုက်
သည့် အုန်းတုံးသည် လိမ်သွားသဖြင့် ချော်လဲကျကာ သွင်၏ ညာ လက်တစ်ချောင်းသည် ကျိုးရလေတော့သည်။သွင်၏ ကျိုးသွားသော လက်ကို တိုင်းရင်း ဆေးဆရာနှင့် ခေါ်စည်းသောအခါ တစ်ရွာလုံး လာကြည့်ကြလေသည်။သို့ပေမဲ့ သွင့်ကို သနား၍ လာကြည့်ကြခြင်း မဟုတ်ပေ။အတင်းအဖျင်း ပြောချင်၍ လာကြည့်ကြခြင်းသာ ဖြစ်လေ၏။
ထိုအထဲတွင် ဒေါ်ခင်သန်းသည် ရှေ့ဆုံးကပင် ဖြစ်လေသည်။
"ဟင်း... ဒီဂြိုလ်ကောင်လေးကတော့... သူများကို မမွှေရရင်... ကိုယ့်ကိုယ်ကို ပြန်မွှေတော့တာပဲ"

ESTÁS LEYENDO
သွင်(Completed)
Romanceရင်ဘက်ထဲမှာ တိတ်တဆိတ် ဖြစ်ထွန်းနေခဲ့တဲ့ အစိုင်အခဲလေးတွေ ဘယ်လောက်တောင် များနေခဲ့လိုက်မလဲ ကိုးရယ်... #ဂျိုးဆက် ပျော်ရွှင်မှုဆိုတာ ကျွန်တော်နဲ့ မသက်ဆိုင်လေတဲ့ သိပ်တန်ဖိုးကြီးတဲ့ အရာ... #သွင် သွင်က ကျွန်တော် မဖြိုချရက်ခဲ့တဲ့ သိပ်မာကျောတဲ့ နှလုံးသား တစ...