သွင်(Part~12)*Unicode

493 37 2
                                        

"ကိုး... သားကို စိတ်ဆိုးနေတာလား"

ဂျိုးဆက်နှင့် တိုးတတ်လျှံကို အိမ်စာတွေ ကျက်ခိုင်းထားသော်လည်း ဂျိုးဆက်သည် သွင့် အနားတွင်သာ "တတွတ်တွတ်" လုပ်နေလေသည်။ဂျိုးဆက် တစ်ယောက် မည်သည့် အကြောင်းကို ပြောချင်နေမှန်း သွင် သဘောပေါက်လေသည်။

ဂျိုးဆက်သည် ကျောင်းရှေ့တွင် ဖြစ်ခဲ့သော ကိစ္စနှင့် ပတ်သတ်၍ အားနာနေဟန် ပေါ်လေ၏။သို့ပေမဲ့ သွင် ထိုကိစ္စကို ပြန်၍ မတွေးချင်တော့ပေ။မေ့ထားဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်လေ၏။

"ကိုး... "

ဂျိုးဆက်သည် ဇွဲမလျှော့ဘဲ ထပ်မံ၍ ခေါ်လာလေ၏။

ဟင်း....

သွင်သည် သက်ပြင်းကို လေးပင်စွာပင် ချလိုက်လေသည်။သွင့် နှာခေါင်းမှ ထွက်သွားသော လေနွေးနွေးလေးများသည် ခုံပေါ်တွင် ထွန်းထားသည့် ဖယောင်းတိုင် မီးကိုပင် လှုပ်ယမ်း၍ သွားစေလေ၏။

သွင်သည် အကြောင်းပြချက်မရှိ စာအုပ်ရှေ့တွင် မေးထောက်ကာ အိပ်ငိုက်နေရှာသည့် တိုးတတ်လျှံ၏ ဆံပင်ထောင်ထောင်လေးများကို ငေးကြည့်လိုက်လေသည်။

"ကိုး... "

ဂျိုးဆက်သည် ထပ်မံ၍ ခေါ်လာပြန်လေ၏။

အဟင်း...

ဒီတစ်ကြိမ်တွင်တော့ သွင်သည် အသံထွက်၍ပင် ရယ်မိလေတော့သည်။

"ကဲ... တောက်တောက်... စာကျက်တော့၊ကိုကိုက တောက်တောက်လေးကို ဘာလို့ စိတ်ဆိုးရမှာလဲ"

"တကယ် ပြောတာလား"

ဂျိုးဆက်သည် မျက်လုံး အဝိုင်းသားနှင့် သွင် ပြောလာမည့် စကားကို စောင့်မျှော်၍ နေလေသည်။သွင်သည် ဂျိုးဆက်၏ ဆံပင်ပျော့ပျော့လေးများကို အသည်းယားစွာ သူ့လက်ချောင်းသွယ်သွယ်လေးများနှင့် ဖွပစ်လိုက်ရင်း

"တကယ်ပါဗျာ... တကယ်... တကယ် ... သွား... လိမ္မာတယ်၊စာကျက်တော့"

ထိုအခါမှ ဂျိုးဆက်သည်လည်း တိုးတတ်လျှံကို နှိုးကာ စာ စ၍ ကျက်လေတော့သည်။

                         🤍🤍🤍

"ဟယ်! သွင်  ဘယ်သွားမလို့လဲ"

သွင်(Completed)Where stories live. Discover now