"အသွင်... "
ခရေပင်အောက်ရှိ ခုံတန်းလေးတွင် ထိုင်နေရာမှ ဒိုးဆက်သည် သွင့်ကို ခေါ်လာလေသည်။သွင်သည် ဒိုးဆက်ကို "ဘာလဲ" ဟူသော သဘောဖြင့် မေးဆတ်၍
လာလေ၏။
"ကိုကို...."
ဒိုးဆက်သည် အားတုံ့၊အားနာနေဟန်ဖြင့် စကားကို သံရှည်ဆွဲနေလေ၏။
ဟင်း....
သွင်သည် သက်ပြင်းတစ်ချက်ကို စိတ်မရှည်စွာ ချလိုက်လေသည်။ပြီးနောက်
"မင်း ဘာပြဿနာ ရှာထားလို့ အခုလို လုပ်နေတာလဲ... ပြောမှာသာ ပြောစမ်းပါကွာ"
ဒိုးဆက်သည် သွင့်ကို အကြည့်လွှဲ၍ ခရေပန်းကြွေများ ရှိသည့် မြေကြီးပေါ်သို့ ကြည့်လိုက်ရင်း
"အသွင့်... အဒေါ် သက်နှင်းဖြူနဲ့ ကိုကို အခု တွဲနေတာ"
"သြော်..."
သွင်သည် အံ့ဩဟန်ပင် မပြဘဲ ထိုစကား တစ်လုံးကိုသာ ပြောရှာလေသည်။သွင် ကြို၍ တွက်ချက်ထားခဲ့ဖူးသော ကိစ္စပင် ဖြစ်လေ၏။
"ပြီးတော့... သူက ပြောတယ်၊ကိုကို ဆိုတဲ့ နာမ်စားကြီးကို အသွင့် အတွက် မသုံးပါနဲ့တဲ့"
ဒိုးဆက်ဆီမှ ထိုစကားကို ကြားသည့် အခါ သွင်သည် မျက်ခုံးတစ်ဖက်ပင် ပင့်မြှောက်၍ သွားရလေသည်။
"ငါလည်း အဲဒီ နာမ်စားကို သိပ်ကြိုက်တာမှ မဟုတ်တာ၊ကောင်းသားပဲ"
သွင်သည် ထိုသို့ပင် ဝမ်းနည်းသွားသည့် ခံစားချက်ကို ဖုန်းကွယ်၍ ခပ်ပေါ့ပေါ့ပင် ပြောလိုက်လေသည်။သူသည် အမှန်အကန်ပင် ထိုခံစားချက်ကြီးကို သိပ်၍ မကြိုက်လှပေ။
ဒိုးဆက်သည်ကား အဓိပ္ပါယ်အား ဖော်၍ မရသော မျက်ဝန်းများနှင့် သွင့်ကို ငေးမော၍ ကြည့်လာခဲ့လေသည်။
သွင်သည် ရုတ်ချည်းပင် ဒိုးဆက်ဆီမှ
အကြည့် လွှဲလိုက်ကာ ကောင်းကင်ပေါ်ရှိ
လွင့်မျောနေကြသော တိမ် အချို့ကို ငေးနေလိုက်လေ၏။တိမ်တွေသည် လွတ်လပ်စွာပင် လွင့်မျော၍ နေကြလေသည်။
သွင်သည် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်လေ၏။ရင်ထဲတွင် အကြောင်းပြချက် မသိစွာ ပူလောင်နေရသည်ကိုတော့ သွင်သာလျှင် အသိဆုံး ဖြစ်လေသည်။
YOU ARE READING
သွင်(Completed)
Romanceရင်ဘက်ထဲမှာ တိတ်တဆိတ် ဖြစ်ထွန်းနေခဲ့တဲ့ အစိုင်အခဲလေးတွေ ဘယ်လောက်တောင် များနေခဲ့လိုက်မလဲ ကိုးရယ်... #ဂျိုးဆက် ပျော်ရွှင်မှုဆိုတာ ကျွန်တော်နဲ့ မသက်ဆိုင်လေတဲ့ သိပ်တန်ဖိုးကြီးတဲ့ အရာ... #သွင် သွင်က ကျွန်တော် မဖြိုချရက်ခဲ့တဲ့ သိပ်မာကျောတဲ့ နှလုံးသား တစ...
