သွင်(Part~18)*Unicode

462 33 5
                                        

စိတ်ပျက်သွားသည်လား၊စိတ်ကုန်သွားသည်လားကို သွင် မဝေခွဲတတ်တော့ပေ။

ဒိုးဆက်သည် မိန်းကလေးရော၊ယောက်ျားလေးပါ ညတိုင်း အဆောင်သို့ ခေါ်လာခဲ့သည်မှာ နှစ်ပတ်ပင် ရှိခဲ့ပြီ ဖြစ်လေသည်။
ဒိုးဆက်သည် အလုပ်ပင် မသွားတော့ဘဲ အဆောင်တွင် နေကာ ပျော်ပါးနေတတ်လေသည်။

မိုးလင်းပိုင်းတွင်သာ အလုပ်မှ ပြန်လာတတ်သည့် သွင့်ကို အခန်းထဲသို့ ချက်ချင်း ပေးမဝင်တတ်ပေ။ဒိုးဆက် တစ်ယောက် ယခုကဲ့သို့ အကျင့်ပျက်သွားသည့် ကိစ္စနှင့် ပတ်သတ်၍ သွင်သည်ပင် စဉ်းစားလို့ မရပေ။

ယခု မနက်တွင်တော့ သွင် အလုပ်မှ ပြန်လာချိန်တွင် ဒိုးဆက်သည် ချက်ချင်း တန်း၍ အခန်းထဲသို့ ဝင်စေလေ၏။အမူးပြေနေပုံ ရသည့် ဒိုးဆက်ကြောင့် သွင် စကားပြော
ကြည့်ဖို့ ဆုံးဖြတ်လိုက်လေသည်။

"ငါတို့ စကားပြောဖို့ လိုပြီ ထင်တယ်... ဒိုးဆက်"

ဒိုးဆက်က ဘာမျှ ပြန်၍ မပြောဘဲ သွင့် မျက်နှာကိုသာ ငေးမောနေလေသည်။သူ့ အကြည့်တွေသည် အကြာကြီး ကွဲကွာခဲ့ကြသော လူတစ်ယောက်ကို ကြည့်နေသည့် အကြည့်နှင့် ဆင်တူနေလေ၏။

"မင်း... ဘာလို့ အခုလိုတွေ လုပ်နေတာလဲ...ဒိုးဆက်၊ငါ အရင်က မင်း ဘာပဲလုပ်လုပ် မင်းဘက်က ရပ်တည်ပေးဖို့ ဆုံးဖြတ်ထားတာ၊အခုတော့ ငါ မင်းကို ရွံစပြုနေပြီ... ထင်တယ်"

သွင်သည် ထိုသို့ပင် စကားကို တည့်တိုးဆန်စွာ ပြောလိုက်လေသည်။

အတန်ကြာသည် အထိ ဒိုးဆက်သည် ပြန်၍ ဖြေမလာခဲ့ပေ။ထို့ကြောင့် သွင်သည် စကားကို ဆက်၍ ပြောလိုက်လေသည်။

"ငါ မင်းနဲ့ ရှေ့ဆက်ပြီး အတူ မနေနိုင်‌တော့ဘူး"

ဒိုးဆက်၏ မျက်ဝန်းထဲတွင် ဝမ်းနည်းသည့် အရိပ်အယောင်များ ဖြတ်‌၍ ပြေးသွားလေသည်။သွင်သည် ထိုမြင်ကွင်းကို လျစ်လျူရှုလိုက်လေ၏။ထို့‌နောက် သွင်သည် အခန်းထဲတွင် ရှိ‌သော အိပ်ရာကို မေးငေါ့၍ ပြလိုက်ရင်း

"ငါ အဲဒီ အိပ်ရာပေါ်မှာ အိပ်ဖို့ နေနေသာသာ၊အခု သွားထိဖို့တောင် ရွံနေတယ်၊အဲဒါကိုရော   မင်း သိရဲ့လား"

သွင်(Completed)Where stories live. Discover now