သွင်နှင့် ဒိုးဆက်တို့ နှစ်ယောက် အတူတူ မြို့ပေါ်တွင် အလုပ် လုပ်ဖို့ရာ အကြောင်းဖန်လာလေသည်။ဒိုးဆက်၏ အဆက်အသွယ်နှင့် အလုပ် လုပ်မှာ ဖြစ်သော်လည်း သွင်သည် သက်နှင်းဖြူတို့ ဇနီးမောင်နှံနှင့်သာ အဆောင်တွင် အတူနေရမည်ဟု ဒေါ်မိချိုက အမိန့်ချမှတ်လိုက်လေ၏။မိခင်၏ အတွေးကို သွင်သည်ပင် နားမလည်နိုင်တော့ပေ။
ဒိုးဆက်ကတော့ အမျိုးအရင်းဖြစ်သည့်
မြနန်းနွယ်တို့ အိမ်မှာပင် မနေဘဲ ယောက်ျားလေး သီးသန့် အဆောင်မှာသာ နေမှာ ဖြစ်လေ၏။ထို့ကြောင့် သွင်သည်လည်း
သက်နှင်းဖြူတို့နှင့် ခဏမျှသာ နေပြီး
ဒိုးဆက်နှင့် အတူ နေဖို့ တိုင်ပင်ထားလေသည်။
သွင်နှင့် ဒိုးဆက်တို့ မနက် ၅ နာရီတွင် ဆိုင်ကယ်နှင့် ထွက်လာကြသဖြင့် မြို့ အဝင်သို့ ရောက်သည့်အခါ မိုးလင်းနေပြီ ဖြစ်လေသည်။
ဒိုးဆက်က ဆိုင်ကယ်ကို လက်ဖက်ရည်ဆိုင် တစ်ဆိုင်ရှေ့တွင် ရပ်လိုက်ပြီးနောက် တစ်လမ်းလုံး ငြိမ်နေခဲ့သည့် သွင့်ကို မေးလာလေ၏။
"အသွင်... ဗိုက်ဆာနေပြီလား၊ကိုကိုတို့ တစ်ခုခု စားရအောင်"
သွင် ခေါင်းတစ်ချက်သာ ညိတ်ပြကာ ဆိုင်ကယ်ပေါ်က ဆင်းလိုက်လေသည်။ထို့နောက် ဆိုင်ထဲသို့ ဒိုးဆက်က ဦးဆောင်၍ ဝင်လိုက်လေသည်။
"ဟေ့ကောင်..."
သွင်၏ အေးစက်စက် လေသံနှင့် ခေါ်လာသည့် အပေါ် ဒိုးဆက်က လည်ပြန် လှည့်၍ ကြည့်ကာ မေးဆတ်ပြလေသည်။
"နေ... နေ... ထားလိုက်တော့"
သွင် ထိုသို့ ဆိုပြန်တော့ ဒိုးဆက်က အထွန့် တတ်၍ ထပ်မမေးတော့ဘဲ ဆိုင်ထဲသို့သာ ဆက်လျှောက်သွားလေသည်။
သွင် ပြောချင်သည်က တစ်ခြားတော့ မဟုတ်ပေ။"အသွင်" နှင့် "ကိုကို" ဟူသော နာမ်စားတွေ အကြောင်းပင် ဖြစ်လေသည်။ဒိုးဆက်ကို ထိုနာမ်စားတွေ မသုံးတော့ဖို့ သွင် ဘယ်လောက်ပင် ပြောပြော ဒိုးဆက်ကတော့ ခေါ်နေမြဲသာ ဖြစ်လေ၏။ထို့ကြောင့် သွင်သည် လျစ်လျူရှုပစ်လိုက်ဖို့သာ ဆုံးဖြတ်လိုက်လေသည်။
ကော်ပန်းကန်ပြားထဲက နံပြားကြောင့် သွင် ငိုင်ကျသွားလေသည်။ဒိုးဆက်သည် ရုတ်ချည်းပင် မျက်မှောင်ကြုတ်သွားရင်း
YOU ARE READING
သွင်(Completed)
Romanceရင်ဘက်ထဲမှာ တိတ်တဆိတ် ဖြစ်ထွန်းနေခဲ့တဲ့ အစိုင်အခဲလေးတွေ ဘယ်လောက်တောင် များနေခဲ့လိုက်မလဲ ကိုးရယ်... #ဂျိုးဆက် ပျော်ရွှင်မှုဆိုတာ ကျွန်တော်နဲ့ မသက်ဆိုင်လေတဲ့ သိပ်တန်ဖိုးကြီးတဲ့ အရာ... #သွင် သွင်က ကျွန်တော် မဖြိုချရက်ခဲ့တဲ့ သိပ်မာကျောတဲ့ နှလုံးသား တစ...
