သွင်(Part~6)*Unicode

539 35 3
                                        

ရွာထိပ်တွင် တစ်ကိုယ်တည်းနေသည့် အပျိုကြီး မရီဆီသို့ သွင် တစ်ပတ်စာ အတွက် ဈေးချိန်၍ လာပို့ရလေသည်။

စျေးထုပ်ကို မရီဆီသို့ ပို့ပေးပြီးနောက် အိမ်ထဲမှ ပြန် အထွက်တွင် ကုက္ကိုပင်အောက်တွင် ဝိုင်းဖွဲ့၍ ဆော့နေကြသည့် ကလေးတွေကို သွင် ငေးမိလေသည်။

ထိုကလေးများ ကစားနေကြသော ကစားနည်းကို သွင် သိလေသည်။

"ခွေးရူးလိုက်တမ်း" ကစားနည်း ဟု ခေါ်လေ၏။

ကစားနည်းတွင် အဖွဲ့လိုက်က တစ်ဖက်၊တစ်ချက်ဆီတွင် နေ၍ ဘောလုံးကို ပစ်ရလေသည်။အလယ်တွင် တစ်ယောက်တည်းသော လူက ထိုဘောလုံးကို လိုက်၍ ဖမ်းရလေ၏။
ထိုဘောလုံး ဖမ်းသော လူကို "ခွေးရူး" ဟု ခေါ်လေသည်။

သွင်သည် ငေးရင်းနှင့်ပင် ထိုကစားနေသော အဖွဲ့ နားသို့ ရောက်ရှိ၍ သွားလေတော့သည်။

ကစားနေသည့် ကလေးများသည် သွင့်ကို မြင်သည့် အခါ အထူးအဆန်းသဖွယ် ကြည့်ကြလေသည်။ထိုကလေးများထဲမှ သွင်နှင့် အတန်း တူသော အုပ်ချုပ်ရေးမှူး၏ သမီးဖြစ်သူ မြတ်လေးငုံက သွင့်ကို စကားပြောလာလေ၏။

"ဟဲ့... ဂြိုလ်ကောင်... တစ်ယောက်တည်းပါလား..."

သူမသည် အရွယ်နှင့် မလိုက်အောင် အထက်စီး ဆန်လေ၏။သူမ၏ အမေ ဖြစ်သူ
ထိုခင်သန်း၏ စိတ်နေစိတ်ထားကို အမွေ ဆက်ခံ၍ ထားခြင်းဖြစ်နိုင်လေသည်။

"နင့်ကို ကာပြောပေးတဲ့ ကိုကြီးဒိုး... မပါဘူးလား"

သူမသည် သွင့်ကို ကြည့်မရပေမဲ့ ဒိုးဆက်ကိုတော့ မျက်နှာသာပေး၍ အရေးတယူ လုပ်ကာ စကားပြောတတ်လေသည်။သို့ပေမဲ့
ဒိုးဆက်သည် သူမနှင့် ကစားသည့် အချိန်မှ လွဲ၍ ကျန်သည့် အချိန်တွင် အဖက် မလုပ်တတ်ပေ။

ထို့ကြောင့်လည်း သူမသည် သွင့်ကို ပို၍
ကြည့်မရ ဖြစ်နေရခြင်း ဖြစ်လေ၏။

"ဟဲ့... ငါတို့နဲ့ ကစားချင်လား"

မြတ်လေးငုံ ပြောသည့် စကားကြောင့် အိမ်ကို ပြန်ဖို့ ပြင်နေသည့် သွင့် ခြေထောက်တွေဟာ တုံ့ခနဲ ရပ်တန်လို့ သွားရလေသည်။

သွင်(Completed)Where stories live. Discover now