သွင်(Part~15)*Unicode

517 39 4
                                        

မနက်စောစော ထ၍ ပြေးသည့် ဒိုးဆက်၏ နောက်သို့ သွင် ပြေး၍ လိုက်လေသည်။
သွင့် ခြေသံကြောင့် ဒိုးဆက်၏ ခြေထောက်များ ရပ်တန့်၍ သွားလေ၏။

ထို့နောက် နှစ်ယောက်သား ဆက်၍ မပြေးတော့ဘဲ လမ်းလျှောက်၍သာ ကန်ဘောင်ပေါ်သို့ တတ်လိုက်ကြလေသည်။ပြီးနောက် ထိုင်နေကျ ခုံတန်းလေးတွင် ထိုင်လိုက်ကြလေ၏။

ဤနေ့မှ ထူးဆန်းစွာ ကန်ဘောင်တွင် လူဟူ၍ တစ်ဦး၊တစ်ယောက်မျှ ရှိမနေပေ။သွင်သည် သူ၏ မလန်းဆန်းမှုများကို ကုစားဖို့ရာ ကန်ရေပြင်ကို ဖြတ်၍ တိုက်ခတ်လာသော လေ‌အေးအေးများကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်လေ၏။

ပြီးနောက် နံဘေးတွင် ငြိမ်ချက်သား ကောင်းနေသည့် ဒိုးဆက်ကို စကား စတင်၍ ပြောဖို့ရာ နည်းလမ်းရှာနေလိုက်လေသည်။

သို့သော် ငယ်ငယ်တည်းက အတူတူ ရှိနေခဲ့ကြသည့်တိုင် ယခု အချိန်တွင် စကားကို မည်သည့်နေရာမှ စ၍ ပြောရမည်မှန်း သွင် မသိပေ။

သွင့် အရိပ်အခြည်ကို သိနေသော
ဒိုးဆက်သည် ပြုံးလိုက်ရင်း

"ငါ... မသက်နှင်းဖြူကို မယူဖြစ်တော့တဲ့ အကြောင်းကို မေးချင်နေတာလား"

သွင်သည် ‌ကန်ရေပြင်ကိုသာ ငေးရင်း "အင်း" တစ်လုံးသာ ပြန်ဖြေလေ၏။

"ငါ မိန်းကလေး တစ်ယောက်ကို တာဝန် မယူနိုင်သေးဘဲ လက်မထပ်ချင်ဘူး၊ပြီးတော့ ငါ... "

ဒိုးဆက်သည် စကားကို ဆက်၍ မပြောသေးဘဲ ဘေးတစ်ခြမ်းသာ မြင်နေရသည့် သွင့် မျက်နှာကို ငေးလိုက်လေ၏။ပြီးနောက်

"ငါ မချစ်သင်တဲ့ လူ တစ်ယောက်ကို ချစ်မိနေလို့၊သူနဲ့ ပတ်သတ်ပစ်ဖို့ကလည်း သိပ်တော့ မလွယ်ဘူး၊အဲဒါကြောင့် ဒီအတိုင်း ငေးကြည့်နေမလို့"

သွင်သည် သရော်ပြုံးကို ပြုံးလိုက်ရင်း

"မင်းက အသက်တွေ ကြီးတဲ့ အထိ လူပွေ၊လူရှုပ်ပဲ လုပ်နေတော့မှာ ထင်တယ်"

"အင်း... ဟုတ်မယ်... ထင်တယ်"

ထို့နောက် ကန်ရေပြင်ထက်တွင် နှစ်ယောက်သား၏ ‌ခြောက်ကပ်ကပ် ရယ်သံက ပျံ့လွင့်၍ သွားလေတော့၏။

သွင်(Completed)Where stories live. Discover now