သွင်(Part~8)*Unicode

508 34 5
                                        

သွင်သည် နောက်ဆုံး စာမေးပွဲ အစစ်ကြီးကို ဖြေဆိုရမည် ဖြစ်သဖြင့် အိမ်ခန်းထဲတွင် သင်္ချာ ထိုင်၍ တွက်နေလေသည်။ဆဋ္ဌမတန်းသာ ရှိသေးသော်လည်း အတန်းတူသည့် လူများသည် ကျူရှင်ယူကြလေသည်။သို့ပေမဲ့ သွင်သည် ကျူရှင် မယူပေ။

ထို့ကြောင့် စာကို ပို၍ အာရုံစိုက်ရလေ၏။

"မကြီးချိုရေ... မကြီးချို..."

ထိုအသံကို ကြားသည်နှင့် သွင် အပြင်သို့ ထွက်ကြည့်စရာ မလိုအောင်ပင် သဘောပေါက်၍ သွားလေ၏။ထိုအသံသည် တစ်နယ်၊တစ်ကျေးမှ အလည်လာသော မိခင်ဖြစ်သူ၏ မောင်အရင်း ဖြစ်သူ ဦးဆွေသာ ဖြစ်လေတော့သည်။

သွင်သည် အိမ်ကို ဧည့်သည် လာသည်ကို
မကြိုက်ပေ။အထူးသဖြင့် မိခင် ဖြစ်သူ၏ အမျိုးတွေ လာသည်ကို ပို၍ မကြိုက်ခြင်း ဖြစ်လေသည်။

ဧည့်သည် တစ်ယောက် ရောက်လာတိုင်း
ဒေါ်မိချိုသည် သားသမီးနှင့် လင်သားကို မည်မျှနိုင်ကြောင်း အာဏာ၊ပါဝါ ပြတတ်လေသည်။ထိုအချိန်မျိုးဆို တိုးတတ်လျှံသည် ဂျိုးဆက်တို့ အိမ်ကို လစ်ထွက်၍ သွားတတ်သော်လည်း သွင်သည် ထိုသို့ မလုပ်တတ်ပေ။ထို့ကြောင့် သွင်သည် အမြဲပင် မိခင် ဖြစ်သူ၏ ဆူပူသမျှကို ခံရလေတော့သည်။

သွင် စာလုပ်သည့် နေရာကို ဦးဆွေသည် လာ၍ ကြည့်လေ၏။သွင်သည် မနက်ဖြန်တွင် သင်္ချာ ဖြေရမှာ ဖြစ်သဖြင့် အကြမ်းစာရွက် ပေါ်တွင် ခဲတံသုံးကာ တွက်ချက်နေလေသည်။

"အိုး! ဟေ့ကောင်... မင်း ရေးနေတာတွေက မှန်ရော မှန်လို့လား... စာရွက်တွေ ဖြုန်းတီးနေသလိုပဲ... ငါ့ ကလေးတွေဆို အရမ်း လိမ္မာတာ... မင်းလို မိဘ ပိုက်ဆံ မဖြုန်းဘူး"

သူငယ်တန်းပင် ပြီးအောင် မတတ်ခဲ့ဖူးသော ဦးဆွေမှ ထိုသို့သော တစ်ဖက်စောင်းနင်း
သည့် စကားကို ပြောလာလေ၏။သွင်သည်လည်း ကလေးပီပီ ထိုသို့သော နှိုင်းယှဥ်
သည့် စကားမျိုးကို လက်မခံချင်ပေ။

သို့ပေမဲ့ မိခင်၏ အပြစ်တင်ခြင်းကို မခံရဖို့ရာအတွက် သွင်သည် တိတ်တိတ်လေး နေဖို့သာ ဆုံးဖြတ်ထားလေ၏။

ဦးဆွေသည် ထိုမျှနှင့် မပြီးသေးပေ။မီးဖိုချောင်တွင် ကြက်သားဟင်း ချက်နေ
သည့် မိခင် ဖြစ်သူကို လှမ်း၍ ပြောပြန်လေ၏။

သွင်(Completed)Where stories live. Discover now