သွင်(Part~5)*Unicode

611 41 4
                                        

သွင်သည် အရင်တုန်းကလို အခန်းထဲမှာချည်း မနေတတ်တော့ပေ။အဲဒီအစား ခရေပင် အောက်တွင် ဂျိုးဆက်နှင့် အတူ ကစား တတ်လေသည်။

အမှန်တွင် ကစားသည် ဆိုသည်ထက်
ဂျိုးဆက်လေး နမ်းသည်ကို ခံယူကာ ရယ်မောနေခြင်း ဖြစ်လေ၏။

သွင်သည် ညီငယ်လေး ဖြစ်သူ တိုးတတ်လျှံ
နှင့် မဆော့ရသမျှ ဂျိုးဆက်နှင့်သာ ဆော့ရလေသည်။

ဒိုးဆက်ကတော့ဖြင့် အိမ်တံခါးဝကနေသာ သွင်နှင့် ဂျိုးဆက်ကို ပြုံး၍ ငေးကြည့်နေတတ်လေသည်။ဒိုးဆက်၏ မေမေကတော့ အိမ်ရှေ့ရှိ အဝတ်တန်းတွင် အဝတ်စိုများကို လှန်းရင်း သဘောကျစွာ ပြုံးနေတတ်လေ၏။

ဂျိုးဆက်လေးတို့ မိသားစုသည် သွင့် ဘဝ၏ ဒုတိယ မိသားစုဝင်များ ဖြစ်မှန်း မသိ ဖြစ်လာခဲ့ရလေသည်။

"ကိုး..."

ဂျိုးဆက်သည် သွင့် လည်တိုင် သွယ်သွယ်ကို သူ၏ လက်တံ သေးသေးလေးများနှင့် ဖက်တွယ်ကာ နာမ်စားလှလှလေး သုံး၍ ခေါ်လာခဲ့လေသည်။

သွင် ပြုံးလိုက်ရင်း ဂျိုးဆက်၏ ခေါင်းတုံးပြောင်ပြောင်လေးကို လက်နှင့် ခပ်ဖွဖွ ပွတ်သပ်လိုက်လေ၏။ထိုအခါ ဂျိုးဆက်သည် သဘောကျစွာ တခစ်ခစ်ဖြင့် ရယ်မောလာလေသည်။

"ကိုကိုလို့ ခေါ်ရတယ်... တောက်တောက်လေးရဲ့"

သွင် ပြောသည်ကို ဂျိုးဆက်က အရေးမစိုက်စွာ သွင့် ဆံပင် ပျော့ပျော့လေးများကို သူ၏ လက်ချောင်းလေးများနှင့် ထိတွေ့ကာ ဆော့ကစားနေလေသည်။

သွင် သိပါသည်။သွင် မည်သို့ပင် သင်ပေးနေပါစေ၊ဂျိုးဆက်သည် သွင့်ကို "ကိုး" ဟုသာ ခေါ်နေမြဲပင် ဖြစ်လေသည်။

"ကိုး" ဟူသော နာမ်စားလေးသည် ဂျိုးဆက်လေး အတွက် အဓိပ္ပါယ် သီးသန့် ရှိနေသည်တော့ မဟုတ်ပေ။"ကိုကို" ဟု ခေါ်ရမည့် အစား ကလေးပီပီ "ကိုး" ဟုသာ အလွယ်ခေါ်ခဲ့ခြင်း ဖြစ်လေသည်။

သွင်သည်လည်း တတောက်တောက်နှင့် လမ်းလျှောက်တတ်သော ဂျိုးဆက်လေးကို "တောက်တောက်" ဟုသာ ခေါ်တတ်မြဲပင် ဖြစ်၏။

"သင်မနေပါနဲ့... အသွင်ရာ... ညီညီက ဒီတစ်သက် ပြင်တော့မယ် မထင်ဘူး... ကွ"

သွင်(Completed)Where stories live. Discover now