သွင်(part~19)*Unicode

448 33 2
                                        

💫💫💫💫💫💫💫💫💫💫💫💫💫💫
"သွင်... ဆံပင်တွေတောင် ရှည်နေပြီလေ၊မညှပ်သေးဘူးလား"

ထူးမြတ်သော်သည် ကောင်တာတွင် ထိုင်၍ ဖုန်းကို သုံးနေရင်းမှ မေးလာလေသည်။သွင်သည် ပိုက်ဆံ ရေတွက်နေရာမှ သူ့ ခေါင်းပေါမှ ဆံပင်များကို လက်ဖြင့် ကိုင်ကြည့်လိုက်လေ၏။

"အကြည့်ရ ဆိုးနေလို့လား... ကိုသော်"

ထူးမြတ်သော်သည် ခေါင်းကို ခါရမ်းလိုက်ရင်း

"အင်း... မဆိုးပါဘူး၊ဒီထက် ပိုပြီး ရှည်လာရင်တော့ အနောက်ကနေ စုပြီး စည်းထားလိုက်၊လုံးဝ ဂေါ်ထွက်သွားမှာ"

အဟင်း...

သွင်သည် ကိုယ့်ပုံကို မျက်လုံးထဲတွင် ပုံဖော်ကာ ပြုံးမိလေ၏။

"ထားကြည့်ဦးမှပဲ"

"ထားပစ်လိုက်"

အားပေး၊အားမြှောက် လုပ်သည့် လူနှင့် လက်တည့်စမ်းချင်နေသည့် လူ အတိုင်အဖောက်ပင် ညီနေလေ၏။

အချိန်တွေ ကုစားသွားလို့လားတော့ မသိပေ။သွင်သည် ဒိုးဆက်ကို သတိမရမိတော့ပေ။တစ်ခါတစ်လေတော့ဖြင့် ငယ်ဘဝ အချိန်များကို ပြန်လိုချင်လေသည်။‌ကြည်နူးဖွယ် ကောင်းသည့် အမှတ်တရများ အများကြီး မရှိခဲ့သော်လည်း ရူးမိုက်စွာ တောင့်တနေမိလေ၏။

ထိုကလေးဘဝတွင် ညီဖြစ်သူ တိုးတတ်လျှံနှင့် ဂျိုးဆက်လေး ရှိလေသည်။ထို့အပြင်
သွင် အချစ်ဦးဟု သတ်မှတ်ထားခဲ့သော
ဒိုးဆက်လည်း ရှိခဲ့လေသည်။သို့ပေမဲ့ ပြန်မရနိုင်တော့ပေ။

သွင်သည် အဝေးသင် ပထမနှစ်(မြန်မာစာ) အတွက် ကျူရှင် တတ်နေရပြီ ဖြစ်၏။

ကျူရှင် မတတ်ခင် တစ်ပတ်အလိုက သွင်သည် ရွာကို ပြန်ခဲ့လေ၏။သို့ပေမဲ့ သွင့်
အမေသည် သွင့်ကို အိမ်ပေါ်ပင် တတ်ခွင့် မပေးခဲ့ပေ။အကြောင်းကတော့ဖြင့်
မြနန်းနွယ်၏ သတင်းဖြန့်မှုကြောင့် ဖြစ်လေသည်။

မြနန်းနွယ်သည် သွင့် အကြောင်းကို တစ်ရွာလုံးကို ဆော်ဩထားခဲ့ပြီး ဖြစ်လေသည်။ထို့ကြောင့် သွင်သည် အိမ်ဝကနေ ပြန်လှည့်ခဲ့ရလေ၏။သို့ပေမဲ့ သွင်သည် မျက်ရည်ပင် မကျမိပေ။

သွင်(Completed)Where stories live. Discover now