သွင်(Part~20)*Unicode

532 41 2
                                        


"သွင်... မင်း ငါ့ကို ဘယ်တော့များမှ ပြန်ချစ်မှာလဲ၊ငါ မင်းကို first year တည်းက လိုက်လာတာလေ၊ခုပဲ final year ရောက်နေပြီကို"

သတိုးယံ ပြောသည်ကို သွင် မကြားပေ။သွင်သည် မြက်ခင်းပြင်ပေါ်တွင် ပက်လက်လှန်၍ လှဲရင်း ကောင်းကင်ထက်တွင် ရွေ့လျားနေသော တိမ်တွေကိုသာ ငေး၍ ကြည့်နေလေ၏။

အတန်ကြာမှ သွင်သည် စကားပြန်၍ ပြောလေ၏။သို့ပေမဲ့ သတိုးယံ ကြားချင်လှသော စကားတော့ ဟုတ်မနေပေ။

"ငါရဲ့ ကလေးနှစ်ယောက်လည်း first year အတွက် ကျူရှင်တတ်‌နေကြပြီ"

သတိုးယံသည် သက်ပြင်းကို ခပ်တိုးတိုး ချလိုက်ရင်း

"မင်း သူတို့ကို သွားတွေ့ချင်ရင် သွားတွေ့လေ"

သွင်သည် ခေါင်းကို ‌‌ဖြည်းညင်းစွာ ခါရမ်းလိုက်လေ၏။သွင့် ခဲရောင် ဆံစ တစ်ချို့သည် မြက်ခင်းပြင်ပေါ်တွင် လူးလွန့်၍ သွားရလေသည်။

မြို့ပေါ်တွင် နေရ၍ သွင့် အသားအရေသည် ဖြူသည့် ဘက်သို့ ရောက်လေ၏။သွင်သည် အရပ်ရှည်ရှည်နှင့် သွားစွယ်လေး နှစ်ချောင်းအပါအဝင် ပါးသိုင်းမွှေး ရေးရေးလေးကြောင့်လည်း လူသိ ပို၍ များ‌နေရလေသည်။သို့ပေမဲ့ သွင်သည် မည်သူနှင့်မျှ အရောတဝင်မနေပေ။

"မင်း အရှုံးသမားလို မနေပါနဲ့လား သွင်"

အိမ်မပြန်ရဲတော့သည့် သွင့် အခြေအနေကို နားလည်စွာ သတိုးယံသည် ကြုံရင် ကြုံသလို နှစ်သိမ့်ပေးတတ်လေသည်။

"ငါ့ကို ကလေးတွေ ရွံသွားကြပြီ ထင်တယ်"

"မင်း သူတို့နဲ့ တွေ့ပြီးပြီလို့လား"

ဟင်း...

သွင်သည် သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်လေသည်။ပြီးနောက်

"သတိုး၊ ဒီည bar ကို လာခဲ့လေ၊ငါတို့ သောက်ကြ‌ရအောင်"

"Ok"

သတိုးယံသည် သွင် ပြောသမျှကို နာခံလေ၏။သတိုးယံ၏ အချစ်တွေသည် သွင့် အတွက်သာ ဖြစ်ကြောင်း အနားရှိ လူတိုင်း သိလေ၏။သို့ပေမဲ့ သွင်သည် သတိုးယံအား မည်သည့် အခွင့်အရေးမျိုးကိုမှ မပေးခဲ့ဖူးပေ။

သွင်(Completed)Where stories live. Discover now