သွင်(Part~14)*Unicode

479 38 4
                                        

"ကိုသွင်... ဒီအခွေလေး ဝယ်ရအောင်ဗျာ"

အခွေဆိုင်တွင် ထက်မှူးအောင် ယူပြသည့် အခွေလေးကို သွင် ယူ၍ ကြည့်လိုက်လေသည်။

မင်းသား ခြောက်ယောက်နှင့် မင်းသမီး တစ်ယောက်ပုံ ပါသည့် ထိုအခွေလေးသည် Romance မကြိုက်သည့် သွင့်ကိုပင် ဆွဲဆောင်၍ နေလေ၏။

"အင်း... ဝယ်ရအောင်"

                            💫💫💫

ဆန်ဆိုင် သိမ်းချိန်သည် ည (၁၀) နာရီခန့်မျှ ရှိလေပြီ ဖြစ်၏။

ထိုအခါ ထက်မှူးအောင်သည် နေ့လယ်က ဝယ်ယူခဲ့သည့် အခွေကို ကြည့်ဖို့ ပြင်လေတော့သည်။

ဇာတ်လမ်း တစ်ဝက်ကျိုးသွားသည် အထိ မင်းသမီး၏ အခန်းသည် သိပ်၍ အရေးပါ အရာ မရောက်သေးပေ။သို့သော် မင်းသား နှစ်ယောက်၏ ကတောက်ကဆလေးများက ဇာတ်လမ်း စတည်းက ဖြစ်၏။

ထို့နောက် သံယောဇဥ်တွေ ဖြစ်တည်လာကြပြီး တစ်ယောက်နှင့် တစ်ယောက် နမ်းကြလေတော့သည်။

သွင်ရော၊ထက်မှူးအောင်ပါ အံ့အားသင့်ပြီး ပါးစပ် အဟောင်းသား ဖြစ်သွားရလေတော့သည်။

ထို့နောက် ထက်မှူးအောင်သည် သွင့် လက်မောင်းကို လက်သီးနှင့် လှမ်း၍ ထိုးလိုက်ရင်း

"ကိုသွင်... ယောက်ျား နှစ်ယောက်က ချစ်လို့ ရတယ်တဲ့လား"

သွင် မဖြေမိပေ။

သွင်သည် ကိုယ့်ခံစားချက်တွေကိုသာ တိတ်တဆိတ် ဆန်းစစ်နေမိလေ၏။
နောက်ဆုံးမှာ သွင် နားလည်လိုက်သည်က သွင်သည်လည်း ယောက်ျားတစ်ယောက်ကို ချစ်မြတ်နိုးခဲ့၏။ထိုသူမှာ ဒိုးဆက်ပင် ဖြစ်လေတော့သည်။

Ring~~~Ring~~~

သွင့် လက်ထဲမှ မြည်လာသည့် ဖုန်းကြောင့် သွင့် အတွေးစတို့ ပြတ်တောက်၍ သွားရလေသည်။

ခေါ်ဆိုလာသည့် ဖုန်းပိုင်ရှင်သည် ဒိုးဆက်ပင် ဖြစ်ချေတော့၏။အလိုအလျောက်ပင် ရင်များ တုန်၍ သွားရလေသည်။ကိုယ့်ကိုယ်ကိုလည်း မလုံမလဲ ဖြစ်မိတာ ဖြစ်နိုင်လေ၏။

"အင်း... ဒိုးဆက်"

ဒိုးဆက်ဘက်မှ အတန်ကြာသည် အထိ အသံ ထွက်၍ မလာခဲ့ပေ။

သွင်(Completed)Where stories live. Discover now