သွင်(Part-22)*Unicode

469 33 3
                                        

ည သန်းခေါင်ယံမှာ မြည်လာသည့် ဖုန်းသံကြောင့် သွင်သည် မျက်မှောင်ကြုတ်မိ‌လေ၏။

"အိပ်လို့ ကောင်းနေမှကွာ"

မျက်လုံး အစုံကို သူ၏ လက်ချောင်းရှည်များနှင့် ပွတ်သပ်လိုက်ပြီးနောက် အိပ်ရာဘေးက ဖုန်းကို စိတ်မရှည်စွာ ယူ၍  ဖုန်းကိုင်လိုက်လေသည်။

"ကိုကြီးသွင်၊ဂျိုးဆက်ကို ကယ်ပါဦးဗျာ"

တစ်ဖက်မှ အလောတကြီးနှင့် ပြောလာသည့်  တိုးတတ်လျှံကြောင့် သွင့် မျက်လုံးတို့ ပြူးကျယ်၍ သွားရလေသည်။

"ဘာဖြစ်လို့လဲ၊ညီလေးလျှံ"

"ရန်ဖြစ်လို့၊ အခု အချုပ်ခန်းထဲမှာ"

သွင့် ရင်ထဲတွင် မွန်းကြပ်၍ သွားရလေသည်။

"ဟုတ်ပြီ၊အခု လာခဲ့မယ်"

သွင်သည် အိပ်ရာပေါ်မှ ကမန်းကတန်း ထ၍ ဆိုင်ကယ်သော့ ယူကာ အပြင်သို့ ပြေးထွက်သွားလေတော့သည်။
          
                          🌸🌸🌸

သွင် ရဲစခန်းသို့ ရောက်သွားသည့် အခါ
ဂျိုးဆက်သည် သွင့် မျက်နှာကိုပင် မကြည့်ပေ။ထို့အပြင် ဂျိုးဆက်၏ မျက်နှာ ချောချောသည်လည်း အနည်းငယ် ယောင်ကိုင်း၍ နေလေ၏။

သွင်သည် အသက်ရှူ၍ မဝနိုင်အောင်ပင် မွန်းကြပ်၍ သွားရလေ‌တော့သည်။

အာမခံ လက်မှတ် ရေးထိုးပြီးသည့် အခါ
ဂျိုးဆက်သည် သွင့်ကိုပင် မစောင့်ဘဲ ရှေ့ကနေ အရင် ထွက်သွားလေ၏။

ရဲစခန်း အပြင်သို့ ရောက်သည့်အခါ သွင်သည် ဂျိုးဆက်ကို လှမ်းအော်၍ ပြောလိုက်လေသည်။

"အခုလို အပေအတေ လုပ်ရပ်မျိုးတွေ ထပ်ဖြစ်မလာစေနဲ့၊ကိုကို မကြိုက်ဘူး"

ဂျိုးဆက်၏ ခြေအစုံဟာ တုံ့ခနဲ ရပ်တန့်လို့ သွားရလေ၏။ထို့နောက် သွင့်ဘက်သို့ လည်ပြန်၍ လှည့်ကြည့်ရင်း

"ကျွန်တော် လိမ္မာတော့ရော ကိုးက ကြိုက်မှာတဲ့လား"

သွင် ခေါင်းငိုက်စိုက်၍ သွားရလေ၏။

"အဟတ်! ကြည့်ပါဦး၊ကိုး ကျွန်တော့်ကို သေချာတောင် မကြည့်‌တော့ဘူး"

သွင်(Completed)Where stories live. Discover now