သွင်(Part-25)*Unicode*Ending

930 47 3
                                        

"ကိုး..........."

ဂျိုးဆက်ဆီမှ ခပ်ဖျော့ဖျော့ အသံလေးသည် လေလှိုင်းကြားမှ တစ်ဆင့် သွင့်နားထဲသို့ ဝင်ရောက်၍ လာလေသည်။

သွင်သည် အိပ်ရာပေါ်တွင် လှဲနေရာမှ ကမန်းကတန်းဖြင့် ထ၍ ထိုင်လိုက်လေသည်။ထို့နောက် ညာဘက်လက်ရှိ ဖုန်းကို ဘယ်ဘက်လက်သို့ ပြောင်း၍ ကိုင်လိုက်လေ၏။

"အသံက ဘာလို့ အဲဒီလောက်တောင် ပျော့နေရတာလဲ၊ဖျားနေတာလား တောက်တောက်"

သူ့ရဲ့ စိုးရိမ်တကြီးဖြင့် မေးလိုက်သည့်‌ မေးခွန်းကို ဂျိုးဆက်သည် သဘောကျစွာ ဟတ်ခနဲ တစ်ချက် ရယ်လေသည်။

"ကိုကို ပြောတဲ့ စကားတွေထဲမှာ ရယ်စရာ ပါနေလို့လား"

"မပါပါဘူး ဗျာ"

‌ဂျစ်တစ်တစ်နှင့် ဖြေနေသည့် ထိုကောင်လေးကို
သွင်သည် ပို၍ စိုးရိမ်စိတ် ဝင်လာရလေသည်။

"အဲဒါဆို ဖြေလေကွာ၊ဖျားနေတာလားလို့"

ဂျိုးဆက်သည် နောက်တစ်ကြိမ် ထပ်၍ ရယ်လေသည်။ပြီးနောက်

"မဖျားပါဘူး ဗျာ၊ဒါပေမဲ့...ကိုး မလာရင်တော့ ကိုး ကောင်လေးက တကယ် ဖျားတော့မှာ၊ဒီမှာ လေတွေ အရမ်း တိုက်တယ် ဗျ"

သွင်သည် ခေါင်းပင် ကြီးသွားသလို ခံစားလိုက်ရလေသည်။

ည သန်းခေါင်ကြီးကို မြို့ပေါ်ထိ ပြန်‌ဖို့က မဖြစ်နိုင်ပေ။သို့ပေမဲ့ ဂျိုးဆက်ကိုတော့ ပစ်မထားနိုင်။ပြန်ဖို့သာ ပြင်ရပေတော့မည်။မိခင် ဖြစ်သူကိုတော့ နောက်မှသာ ပြန်၍ ချော့ရပေမည်။

"ကိုး အခု ပြန်လာဖို့ လုပ်နေတာလား"

"အင်းလေ"

သွင်သည် ခပ်ပြတ်ပြတ်ပင် ဖြေလေသည်။စိတ်လည်း လောနေသောကြောင့်ပင်။

"ကိုး ခက်ခဲအောင် ကျွန်တော် ဘယ်တုန်းက လုပ်ဖူးလို့လဲ"

သွင်သည် ပြုံးလိုက်ရင်း

"မလုပ်ဖူးပါဘူး ‌ဗျာ၊အခုလည်း သိပ် လွမ်းလာလို့ ပြန်လာချင်တာပါ"

ဂျိုးဆက်ဆီမှ ကြည်ကြည်နူးနူးနှင့် ရယ်သံလေးကို လေတိုးသံတွေနှင့် ရောယှက်၍ ကြားရလေသည်။

သွင်(Completed)Where stories live. Discover now