သွင်(Part-23)*Unicode

448 32 2
                                        

သွင်၏ အခန်း ခပ်ကျဉ်းကျဉ်းလေးထဲတွင် ဂျိုးဆက်၏ ပစ္စည်း တစ်ချို့က နေရာယူလာလေသည်။

ပစ္စည်းတွေကို နေရာချပြီးသည့် အခါ နေ့လည် ထမင်း စားချိန်ပင် ရောက်လုနေပြီ ဖြစ်၏။

"ကဲ... သခင်လေး ၊ထမင်း တစ်နပ်လောက်တော့ ဝယ်ကျွေးသင့်ပြီ၊မဟုတ်လား"

သွင့် စကားကို ဂျိုးဆက်က ဟတ်ခနဲ တစ်ချက် ရယ်လေ၏။

"ကိုးကလည်း ဝယ်စားဖို့မှ မလိုတာ၊ကျွန်တော် ကိုယ်တိုင် ချက်ကျွေးမှာပေါ့ ဗျ"

သွင်သည် မချိပြုံးကို ပြုံးလိုက်ရင်း

"ဟိုလေ... မီးဖိုချောင် ပစ္စည်းဆိုလို့ ဒီအိမ်မှာ ဘာတစ်ခုမှ ရှိ‌မနေဘူးနော်"

ဂျိုးဆက်သည် သွင့် နှာခေါင်းထိပ်ကို သူ့ နှာခေါင်းထိပ်နှင့် ပွတ်သပ် ကျီစယ်လိုက်ပြီးနောက်

"မပူပါနဲ့ ဗျာ၊ကျွန်တော် အခုပဲ သွားဝယ်ခဲ့မယ်၊မကြာစေရဘူး... ဟုတ်ပြီလား"

ဆိုင်ကယ်သော့နှင့် ပိုက်ဆံအိတ်ကို ယူကာ အပြင်ကို ထွက်သွားသည့် ဂျိုးဆက်ကို သွင်သည် ငေးမော၍ ကြည့်နေမိလေသည်။

ဂျိုးဆက်သည် သူနှင့် အတူ ရှိချိန်တိုင်း အမြဲ တတ်ကြွနေတတ်လေသည်။သူကတော့ ရံဖန်ရံခါ ရှက်ပင် ရှက်နေတတ်သေး၏။အဆိုးဆုံးကတော့ အကြင်နာပေးပြီးသည့် အခါတိုင်း ခေါင်းကြီးပင် ငုံ့သွားတတ်လေသည်။

အတွေးတွေထဲတွင် နစ်မျောနေစဉ် မှန်တင်ခုံပေါ်ရှိ ဖုန်းလေးသည် Vibration ကြောင့် တုန်ခါ၍ လာလေသည်။သွင်သည် တတ်ကြွစွာပင် ဖုန်းကို ယူ၍ ကြည့်လိုက်လေ၏။ခေါ်ဆိုသည့် လူမှာ တစ်ခြားလူ မဟုတ်ပေ။တိုးတတ်လျှံပင် ဖြစ်လေသည်။

"ညီလေးလျှံ၊ ဘာလို့လဲ ဟင်"

"ကိုကြီးသွင်၊အမေက ကိုကြီးကို ပြန်လာစေချင်ပြီတဲ့"

သွင်သည် အံ့အားသင့်စွာပင် ဖုန်းကို ချမိလိုက်လေ၏။အလိုက်သိစွာပင် တိုးတတ်လျှံသည် သွင့်ကို ဖုန်းပြန်၍ ခေါ်မလာတော့ပေ။

တိုးတတ်လျှံ၏ စကားသည် သွင့်ကို ပျော်ရွှင်မှုလည်း ပေးသလို၊မွန်းကြပ်မှုလည်း ပေးလေ၏။အိမ်ကို ပြန်ခွင့်ရသည်မှာ သွင် အမျှော်လင့်ထားဆုံး အရာ ‌ဖြစ်လေသည်။သို့ပေမဲ့ ဂျိုးဆက်ကိုလည်း မထားခဲ့ချင်ပေ။

သွင်(Completed)Where stories live. Discover now