ကျောင်းတတ်ခေါင်းလောင်း ထိုးချိန်တွင် သူငယ်တန်း စတတ်သည့် ကလေးများသည် အော်ဟစ်၍ ငိုယိုကြလေတော့သည်။
ပထမဆုံး ကျောင်းစတတ်သည့်နေ့ ဖြစ်သည်နှင့် အညီ မိဘတွေနှင့် ခွဲခွာရမည် ဖြစ်သောကြောင့် ငိုနေကြခြင်း ဖြစ်လေသည်။
အကြောတင်းလေး သွင်ကတော့ ထိုအထဲတွင် မပါပေ။သွင်သည် လွယ်အိတ်ထဲမှ ကျောက်သင်ပုန်းလေးကို ထုတ်ကာ ကျောက်တံလေးနှင့် ရောက်တတ်ရာရာ ရေးခြစ်နေခဲ့လေ၏။
သွင်သည် မည်သူ့ကိုမှ မှုမနေခဲ့ပါပေ။
သွင်တို့ မူလတန်းကျောင်းသည် အခန်း ကန့်ထားခြင်း မရှိပေ။ထို့ကြောင့် တစ်ခြား အတန်းတွေ စာရေးနေသည်ကို သွင် မြင်နေရလေသည်။ခဲတံလေးတွေကို ပြိုင်တူကိုင်ကာ စာရွက်ပေါ်တွင် ရေးခြစ်နေကြသည့် တတိယတန်း ကျောင်းသားတွေကို ငေးရင်း သွင် ပြုံးမိလေ၏။နှုတ်ကနေလည်း "လှလိုက်တာ" ဟုပင် ရေရွတ်လိုက်လေသည်။သွင်၏ အကြိုက်သည် ထိုသို့ပင် အထူးအဆန်း ဖြစ်နေတတ်လေ၏။
သွင်သည် ထိုသို့ပင် တစ်မူ ထူး၏။
ဒိုးဆက် ပြောခဲ့သလိုပင် ရှေ့ဆုံးအတန်းမှ နေရ၍ သွင်သည် ကျောက်သင်ပုန်းမှ ဆရာမ ရေးပြသည့် စာတွေကို ကောင်းစွာ မမြင်ရပေ။
ထို့ကြောင့် သွင် လွယ်အိတ်ကို ယူကာ ဆရာမကိုပင် ခွင့်တောင်း မနေတော့ဘဲ ဘယ်သူမှ မထိုင်သည့် နောက်ဆုံး အတန်းသို့ အပြေး သွားထိုင်လိုက်လေသည်။
ကျောက်သင်ပုန်းမှ စာကို ကောင်းစွာ မြင်ရသော်လည်း သွင် မထိုင်ရပေ။အကြောင်းမှာ ဆရာမ စာရေးပြနေသည့် ကျောက်သင်ပုန်းကြီးသည် သွင့် အရှေ့ရှိ ကလေးများနှင့် ကွယ်နေသောကြောင့် သွင် မတ်တပ်ရပ်နေမှသာ မြင်ရလေသည်။
သို့ပေမဲ့ သွင် မမှုပေ။သွင်သည် စာသင်ဖို့ အတွက် လာခြင်း ဖြစ်လေသည်။ထိုင်ရသည်၊မထိုင်ရသည်က သွင့် အတွက် အရေးမပါပေ။
နေ့လည် မုန့်စား ဆင်းချိန်တွင် ဒိုးဆက်သည် အိမ်ပြန် ထမင်း စားဖို့ရာ သွင့်ကို လာခေါ်လေသည်။
"ဟာ! အသွင်... ဘာလို့ နောက်ဆုံးတန်းမှာ ရောက်နေတာလဲ"
ဒိုးဆက်သည် အံ့သြတကြီး မေးရှာလေသည်။

YOU ARE READING
သွင်(Completed)
Romanceရင်ဘက်ထဲမှာ တိတ်တဆိတ် ဖြစ်ထွန်းနေခဲ့တဲ့ အစိုင်အခဲလေးတွေ ဘယ်လောက်တောင် များနေခဲ့လိုက်မလဲ ကိုးရယ်... #ဂျိုးဆက် ပျော်ရွှင်မှုဆိုတာ ကျွန်တော်နဲ့ မသက်ဆိုင်လေတဲ့ သိပ်တန်ဖိုးကြီးတဲ့ အရာ... #သွင် သွင်က ကျွန်တော် မဖြိုချရက်ခဲ့တဲ့ သိပ်မာကျောတဲ့ နှလုံးသား တစ...