သွင်(Part~10)*Unicode

541 36 2
                                        

သွင်သည် အဋ္ဌမတန်း (A) အခန်းတွင် အတော်ဆုံး ကျောင်းသား တစ်ယောက် ဖြစ်လေသည်။

အတန်းထဲတွင် အရပ် အရှည်ဆုံးလည်း ဖြစ်ကာ အတန်းဖော် မိန်းကလေးများ၏ စိတ်ဝင်စားခြင်းကိုပင် ခံရလေသည်။ကျန်ခဲ့သည့် နှစ်များတွင်တော့ သွင့်ကို မည်သူကမျှ အဖက်မလုပ်ခဲ့ကြသော်လည်း ယခုတွင်တော့ အခြေအနေများ အနည်းငယ်မျှ ပြောင်းလဲသွားပြီ ဖြစ်လေ၏။

ယခုလို အသိအမှတ် ပြုလာကြသည်မှာ အရွယ်ရောက်စ ပြုနေပြီ ဖြစ်သည့် သွင်၏ ရုပ်ရည်ကြောင့်လည်း ပါလေသည်။

သွင်သည် မျက်ခုံးကောင်းကောင်း၊နှာတံစင်းစင်းနှင့် ပါးသိုင်းမွှေး ရေးရေးလေးကို ပိုင်ဆိုင်ထားလေသည်။ထို့အပြင် သွားစွယ်ချွန်ချွန်လေး နှစ်ချောင်းသည်လည်း သွားတန်းဖြူဖြူ၏ တစ်ဖက်၊တစ်ချက်စီတွင် ရှိနေကြပြီး နှုတ်ခမ်း မထူမပါးလေးက အနည်းငယ် ရဲလို့ နေလေ၏။မျက်လုံးလေးတွေကတော့ အပြစ်ပြောစရာ မလိုအောင်ပင် အညိုရောင် မျက်ဆံလေးများနှင့် အတူ ပနံသင့်လို့ နေလေသည်။

အသားအရေသည် ငယ်စဥ်ကလို ဖြူဖြူဖွေးဖွေး မဟုတ်တော့ဘဲ စိုစိုဝါဝါလေး ဖြစ်လို့ နေပြီး ခေါင်းတုံးဆံပင်ပေါက်ကေနှင့် လိုက်ဖက်လို့ နေလေသည်။သွင်၏ ရုပ်ရည်သည် အပြစ်ဆိုဖွယ်ရာပင် ရှိမနေပေ။သွင်သည် လူချောလေး တစ်ယောက်ပင် ဖြစ်လို့ နေခဲ့လေ၏။ထို့ကြောင့် အတန်းဖော် မိန်းကလေးများ၏ "ရွှေရင်အေးလေး" ဖြစ်မှန်းမသိ ဖြစ်လို့လာရလေသည်။

သွင်သည် မည်သည့် အတန်းဖော်နှင့်မှ အဖက် လုပ်၍ စကား မပြောပေ။နှစ်ပေါင်းများစွာ ဖယ်ကျဥ်ထားခံရသည့် လူ
တစ်ယောက်အနေဖြင့် သွင့် ဘက်က တရားသည်ဟုပင် မှတ်ယူထားလေ၏။သွင်သည် သူငယ်ချင်းပင် မထားတော့ဘဲ စာသင်သည့် အလုပ်တစ်ခုကိုသာ ကျောင်းတွင် လာ၍ လုပ်လေတော့သည်။

အတန်းထဲတွင် နှစ်စဥ်၊နှစ်တိုင်း နောက်ဆုံးတန်း၌သာ ရွေး၍ ထိုင်လေ့ ရှိသဖြင့် အတန်းတိုင်း၏ နောက်ဆုံးတန်းများသည် သွင့် အပိုင် ဟုပင် သတ်မှတ်ရပေမည်။ထို့အပြင် သွင့်တွင် ဘေးချင်းကပ်၍ ထိုင်မည့် အတန်းဖော်လည်း မရှိပေ။

သွင်(Completed)Where stories live. Discover now