သွင်သည် ဘုရားပန်းအိုးမှ စွန့်လိုက်သည့် ရွက်လှပန်းများကို မြေကြီးအား တူးရွင်းနှင့် ဆွကာ ပြန်စိုက်နေလေသည်။
ရုတ်တရက် ကျောနောက်မှ ခြေသံ တရှပ်ရှပ်ကြောင့် သွင် ပြုံးလိုက်လေ၏။နှစ်ပေါင်းများစွာ သူ ထိန်းကျောင်းခဲ့ရသည့် ကလေးတစ်ယောက်၏ ခြေသံကို သူ မမှတ်မိစရာ အကြောင်း မရှိပေ။
"တောက်တောက်... ကိုကို့ကို နောက်မနေနဲ့"
ခြေသံတွေက ရပ်တန့်လို့ သွားလေ၏။
ထို့နောက် ဂျိုးဆက်သည် သွင့် အနားသို့ ဘောက်ဆတ်ဆတ်နှင့် လျှောက်လာကာ ရေနူးနေပြီး ဗွက်ထနေပြီဖြစ်သည့် မြေကြီးပေါ်သို့ ထိုင်ချလိုက်လေသည်။ဂျိုးဆက် ထိုင်လိုက်သည့် အရှိန်ကြောင့် ရွှံ့စက် တစ်ချို့သည် သွင့် အင်္ကျီသို့ လာရောက်၍ စင်လေ၏။သို့ပေမဲ့ သွင် စိတ်မဆိုးမိပေ။
"ကိုးကလည်း... ကျွန်တော်က သရဲဲခြောက်မလို့ကို"
စိတ်ကောင်းသွားဟန် အပြည့်နှင့် "ဟွန့်" ခနဲ မြည်အောင် နှာမှုတ်လိုက်သည့် ဂျိုးဆက်၏ နှာခေါင်းချွန်ချွန်လေးကို သွင် ရွှံ့တွေ ပေနေသည့် လက်နှင့် ဖျစ်ညှစ်လိုက်လေသည်။
ဂျိုးဆက်သည် နှာခေါင်းတွင် ပေသွားသည့်
ရွှံ့ အနည်းငယ်ကို သူ့ လက်နှင့် ခပ်ကြမ်းကြမ်းပင် သုတ်ပစ်လိုက်လေ၏။
"တောက်တောက်... ဒါနဲ့လေ... ကိုယ့်ကိုယ်ကိုဘာလို့ ကျွန်တော်လို့ သုံးနှုန်းပြီး ပြောနေတာလဲ "
သွင် မေးလိုက်သည့် မေးခွန်းအပေါ်
ဂျိုးဆက်သည် များများစားစားပင် စဥ်းစားမနေတော့ဘဲ ချက်ချင်းပင် တန်း၍ ဖြေလေ၏။
"ကိုးကလည်း ကျွန်တော်က အလယ်တန်းတောင် ရောက်နေပြီကို ... ပြီးတော့... ကိုးနဲ့လည်း အရွယ် တူချင်လို့"
မြန်ဆန်စွာ လူကြီးလေး ဖြစ်ချင်နေရှာသော ဂျိုးဆက်ကို သွင် နားမလည်ပေ။ဂျိုးဆက်သည် သူနှင့် ခြားနားစွာ အချစ်ခံရသော ကလေးလေး ဖြစ်သော်လည်း သူ့ထက်ပင် လူကြီး ဖြစ်ချင်နေပြန်လေ၏။
"တောက်တောက်... ဘာလိုချင်လို့ ကိုကို့ဆီ လာတာလဲ"
ဂျိုးဆက်သည် ရွက်လှပန်းများကို သူ၏ လက်ချောင်း သွယ်သွယ်လေးများနှင့် တို့ထိလိုက်ရင်း
YOU ARE READING
သွင်(Completed)
Romanceရင်ဘက်ထဲမှာ တိတ်တဆိတ် ဖြစ်ထွန်းနေခဲ့တဲ့ အစိုင်အခဲလေးတွေ ဘယ်လောက်တောင် များနေခဲ့လိုက်မလဲ ကိုးရယ်... #ဂျိုးဆက် ပျော်ရွှင်မှုဆိုတာ ကျွန်တော်နဲ့ မသက်ဆိုင်လေတဲ့ သိပ်တန်ဖိုးကြီးတဲ့ အရာ... #သွင် သွင်က ကျွန်တော် မဖြိုချရက်ခဲ့တဲ့ သိပ်မာကျောတဲ့ နှလုံးသား တစ...
