Thwin(သွင်)~Part 21 😍
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
"ကိုကိုက ဂေးမှန်း တောက်တောက် သိတယ် ဟုတ်"
သွင့် စကားကို ဂျိုးဆက်သည် အလေးအနက်ထားဟန်နှင့် ခေါင်းညိတ် အသိအမှတ်ပြုလေသည်။
သွင်သည် မဝံ့မရဲဟန်နှင့် ဂျိုးဆက်ကို ကြည့်လိုက်ရင်း
"ကိုကို့ကို ရွံသွားလား"
ထိုစကားကို ကြားသည့်အခါ ဂျိုးဆက်သည် သွင့် လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်လေသည်။မျက်ဝန်းထဲတွင်လည်း ပြုံးရိပ်များ သန်းနေလေ၏။
"ကိုး... ကျွန်တော့် မျက်နှာကို သေချာ ကြည့်ပါဦး"
ဂျိုးဆက်၏ စကားပြောဟန်သည် အသက်အရွယ်နှင့် မလိုက်ဖက်စွာ တည်ငြိမ်၍ နေလေသည်။ထို့ကြောင့် ငယ်ရွယ်သော်လည်း အားကိုးချင်စရာ ကောင်းနေပြန်၏။
သွင်သည် မဝံ့မရဲ ဖြစ်နေသည့် ဟန်နှင့်ပင်
ဂျိုးဆက်ကို ကြည့်လိုက်လေသည်။
ထိုအခိုက်အတန့်သည့် သွင့်ကို ရင်တုန်ပန်းတုန် ဖြစ်စေလေ၏။သူ သိပ်ချစ်ရတဲ့ ညီငယ်လေး တစ်ယောက်ဆီက သူ့အပေါ် ထားရှိတဲ့ စိတ်နေစိတ်ထားကို သိရတော့မှာ မဟုတ်လား။
သို့ပေမဲ့ ရလဒ် မကောင်းရင်တော့ဖြင့် သူသာလျှင် ရင်ကျိုးရမည် ဖြစ်၏။
"ကျွန်တော်ကလေ ကိုးကို ဘယ်အခြေအနေမှာမဆို လက်ခံနိုင်တဲ့သူပါဗျာ၊ကိုးက ယောက်ျားပဲ ကြိုက်ကြိုက်၊မိန်းမပဲ ကြိုက်ကြိုက် ကျွန်တော် လက်ခံတယ်၊ဒါပေမဲ့ လက်ပဲ လက်ခံတာနော်၊တစ်ခြားသူကို ပေးမယ်လို့ ပြောတာ မဟုတ်ဘူး၊ကိုးက
ကျွန်တော့်ကိုပဲ ချစ်ရမှာ"
ဂျိုးဆက်၏ အမူအရာသည် အစ်ကိုကြီး တစ်ယောက်ကို ကလေးဆန်စွာ ပြောဆိုနေသည့် အမူအရာနှင့် မတူပေ။ဂျိုးဆက်၏ စကားကို သွင်သည် နားလည်သလိုလို ရှိလာလေ၏။ထိုအခါ သွင့် ရင်ထဲတွင် စိုးရိမ်စိတ်များ ဖြစ်ပေါ်လာရလေသည်။
"တောက်တောက် ကိုကို့ကို ဘယ်လို သဘောထားနေတာလဲ"
"ကျွန်တော့် ယောက်ျားလို"
ဂျိုးဆက်သည် ထိုသို့ပင် စကားကို လွှတ်ခနဲပင် ပြောပစ်လိုက်လေသည်။
YOU ARE READING
သွင်(Completed)
Romanceရင်ဘက်ထဲမှာ တိတ်တဆိတ် ဖြစ်ထွန်းနေခဲ့တဲ့ အစိုင်အခဲလေးတွေ ဘယ်လောက်တောင် များနေခဲ့လိုက်မလဲ ကိုးရယ်... #ဂျိုးဆက် ပျော်ရွှင်မှုဆိုတာ ကျွန်တော်နဲ့ မသက်ဆိုင်လေတဲ့ သိပ်တန်ဖိုးကြီးတဲ့ အရာ... #သွင် သွင်က ကျွန်တော် မဖြိုချရက်ခဲ့တဲ့ သိပ်မာကျောတဲ့ နှလုံးသား တစ...
