အပိုင်း(၁)

59.1K 699 7
                                    

At Phoenix Distribution Group... ;

''မင်္ဂလာပါ ဆရာ ကျွန်မက တိမ်လွှာမိုးပါ ။
ဆရာ့ရဲ့ လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်သွားမယ့်သူပါ။ ''

''ဟုတ်ကဲ့။ ကျွန်တော်က အဂ္ဂမောင်ပါ။ ဒီက လုပ်ငန်းခွင်နဲ့ မရင်းနှီးတဲ့အတွက် မတိမ်လွှာမိုးတို့ကိုပဲ အားကိုးရတော့မှာပါပဲ။ တွေ့ရတာ ဝမ်းသာပါတယ်။ ''

''ဟုတ်ကဲ့ပါရှင်။ လက်တလော အပြီးသတ်ထားတဲ့စံမံကိန်း နဲ့ ​နောက်လာမည့် ဘဏ္ဍာရေးနှစ် အတွက် ပြင်ဆင်နေတဲ့ စီမံကိန်း တွေကို စားပွဲပေါ်မှာ သပ်သပ်စီပြင်ဆင်ပေးထားပါတယ်။ ဝန်ထမ်းရေးရာပိုင်းဆိုင်ရာ လိုအပ်မယ်ထင်တာတွေကိုလဲ ပြင်ဆင်ထားပေးပါတယ်။ ''

'' ဟုတ်ပါပြီ။ ကျွန်တော်ကြည့်ထားလိုက်ပါမယ်။ ဒီနေ့ အစည်းအဝေး တက်စရာများရှိသလား။ ''

''မရှိပါဘူး ဆရာ။ အလုပ်အတွက် အချိန်ဇယား ကို ကျွန်မက ညှိပေးသွားမှာပါ။ ဆရာ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စများရှိလာတဲ့အခါ ကျွန်မကို ပြောလို့ရပါတယ်။ အကယ်၍ ကျွန်မညှိပေးတာမျိုးကို အဆင်မပြေဘူးဆိုရင်လဲ ပြောပေးပါဆရာ။ ကျွန်မရဲ့ ကိုယ်ရေးအချက်အလက်ကိုလဲ စားပွဲပေါ်မှာ တင်ထားပေးပါတယ်။ တခြား လိုအပ်တဲ့အရာ ပြင်ဆင်ရမယ့်အရာရှိရင်လဲ ပြောပေးပါ ဆရာ။ ''

အပြုံးရေးရေးလေးနဲ့ အထစ်အငေါ့မရှိ ပြောသွားတဲ့ ​ရှေ့ကကောင်မလေးကို အဂ္ဂ တစ်ချက်မော့ကြည့်မိတယ်။ လုပ်ငန်းခွင်ထဲ စဝင်ကတည်းက လက်ထောက်အနေနဲ့
ငယ်သူငယ်ချင်း Kelvin ကိုသာ ထားခဲ့တာမို့ ဒီအတွင်းရေးမှူးအသစ်ကိုကြည့်ရတာ လုံးဝကို စာအုပ်ကြီးပုံစံအတိုင်းဖြစ်မယ်ထင်ပါတယ်။
နံ့သာရောင် မြန်မာဝတ်စုံနဲ့ နက်မှောင်နေတဲ့ ဆံပင်ကို ခပ်မြင့်မြင့် စီးထားတဲ့ သူမပုံစံက လုံးဝကို ယုံကြည်မှူအပြည့်ပါပဲ။
ပုံတော့ နည်းနည်းတုံးနေပေမယ့်ပေါ့...။

သူဌေးအသစ်စက်စက်က ဆက်တိုက်ဖုန်းကြည့်ပြီးစကားပြောနေရာကနေ ရုတ်တရက်မော့ကြည့်လာပြီး ဘာမှမပြောပဲ သေချာကြည့်လာတော့ ခပ်ပြုံးပြုံးနဲ့ပဲ ပြန်ကြည့်ရင်း ဘာပြောလာမလဲနားစွင့်နေရတယ်။

Falling in love with Sunflower 🌻(Completed)Where stories live. Discover now