အပိုင်း (၃၅)

8K 371 20
                                    

Unicode.....

''ကျောင်းပိတ်တုန်း အစစအရာရာ ဂရုစိုက်နော် ငယ် အစပ်တွေလည်း အရမ်းမစားပါနဲ့ကွာ''

''ဟုတ်ကဲ့ပါလို့ ကိုကိုလည်း ဂရုစိုက်
ကိုကိုနဲ့ ပတ်သတ်တာအားလုံး ငယ်သိချင်တယ်နော် ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲ ဖြစ်ဖြစ်....
ကိုကိုနဲ့တွဲတာက ရည်းစားထားကြည့်ချင်လို့
တွဲတာမဟုတ်ပဲ ကိုကိုမို့လို့ ချစ်လို့ တွဲတာ
ငယ့်ကို အပျော်သက်သက်ကစားတယ်ဆိုရင်တော့ ကိုကို့ခေါင်းကို ကတုံး တုံးပစ်မယ်''

ငယ့်စကားကြောင့် အသံထွက်အောင်ပင်ရယ်ရင်း ပစ္စည်းတွေတင်ကာ အိမ်ပြန်နေကြသော ကျောင်းကားများကိုကြည့်နေမိသည်။ 
ငယ့်အိမ်ကဖုန်းဆက်လျှင် ပြန်လာရလွယ်အောင်နေကြာခင်းဆီမှပြန်လာပြီးနောက်
ကျောင်းထဲမှာတင် ကားရပ်ကာ ကားပေါ်မှာတင်မုန့်စားနေကြသည်။

''ဒါနဲ့ ငယ် ဗညားဆီက ရတဲ့ပုံတွေကို ဖေ့ဘုတ်ပေါ်တင်ဦးမှာလား ''

ကိုကိုသည် ဘုန်းကြီးကျောင်းနေ့က ပုံများကို ပြန်ကြည့်ကာမေးလာသည်မို့ မိုးလည်း ကိုကို့အနားသို့ တိုးသွားကာ ကိုကိုကြည့်နေသောပုံများကို ကြည့်လိုက်သည်။

''ငယ်က တင်လေ့မရှိဘူးရယ် ကိုကို တင်မလို့လား''

''ကိုကိုလည်း postအနေနဲ့တော့ တင်လေ့မရှိဘူး ဒါပေမဲ့ ဒီတစ်ခေါက်က ငယ်နဲ့ကိုကိုတို့ရဲ့
ချစ်သူဖြစ်တဲ့နေ့လေးအတွက် အမှတ်တရဖြစ်အောင် တင်မလို့''

''ကိုကို တင်ချင်ရင် တင်လေ ငယ်လည်း တင်ရင်ကောင်းမယ်နော့် ကိုကိုနဲ့အမှတ်တရ
ပြီးတော့ သူငယ်ချင်းတွေနဲ့ ပထမဆုံး တူတူလုပ်ဖြစ်တဲ့ အမှတ်တရအနေနဲ့လေ''

''ငယ် မတင်ချင်ရင်လည်း ကိုကို ငယ့်ကိုtagတွဲလိုက်မယ်လေ ရတယ်မို့လား''

''ဟုတ် ရတယ် ငယ်လည်း သူငယ်ချင်းတွေကိုတိုင်ပင်ပြီး တင်လိုက်မယ်''

''ဟုတ်ပါပြီဗျာ အာလူးချောင်းကြော် စားဦးမလား ဖောက်လိုက်မယ်''

''တော်ပြီ ကိုကိုရဲ့ ငယ့်ကို အတင်းကျွေးနေတော့တာပဲနော် ''

''နှစ်လကြီးတောင် ခွဲရမှာကိုးဗျ ''

ကိုကိုသည် အာလူးချောင်းကိုထုတ်ကို ကျောင်းကိုအပြန် လမ်းကဝယ်လာသောမုန့်အိတ်ကြီးထဲသို့ ပြန်ထည့်လိုက်ပြီး
ရေဘူး ဖွင့်ကာ မိုးကို ပေးသည်။

Falling in love with Sunflower 🌻(Completed)Where stories live. Discover now