အပိုင်း (၂၆)

7.7K 324 15
                                    

''ကျောင်းတက်လိုက် စာလုပ်လိုက် မုန့်စားလိုက်နှင့် နေ့ရက်များသည် ချောချောမွေ့မွေ့ဖြင့်ကုန်ဆုံးနေပြီးနောက် စာတမ်းပြုစုရမည့်ကိစ္စပေါ်လာသည်။
ကြာချိန်တစ်ပတ်သာပေးထားသည်မို့ ခေါင်းစဥ်အတွက်လိုအပ်သည်များကိုလေ့လာရန် စာကြည်တိုက်နှင့် အဆောင်ကို သွားချည်လာချည်လုပ်နေရသည်။

မိုးမှာလည်း စာတမ်း အပြင် အဖွဲ့လိုက်လုပ်ရမည့် ပရယ်ဇန်တေးရှင်းမှာလည်း သူငယ်ချင်းလေးယောက်မှာ ခင်ခင်နှင့် လရိပ်သည်သာ အဖွဲ့တူ၍ ကြွယ်ကြွယ်နှင့်မိုးမှာတစ်ခြားအဖွဲ့တွေထဲရောက်သွားတာမို့ တကွဲတပြားသွားလာနေရသည်။

ယနေ့လည်း အတန်းဆင်းချိန်တွင် ဆွေးနွေးစရာများရှိသောကြောင့် အဖွဲ့လိုက်စာကြည့်တိုက်မှာ ဆွေးနွေးခဲ့ကြပြီး ညနေငါးနာရီကျော်မှသာ ပြီးတော့လေသည်။

''ငါတို့အကုန် အပြင်ဆောင်ပြန်ရမှာ သရဖီနဲ့တိမ်လွှာမိုးနဲ့က တူတူပြန်လို့ရတယ်မို့လား အဆောင်တူတယ်လေ''

အဖွဲ့ခေါင်းဆောင်၏စကားကြောင့် အဆောင်တူ သရဖီဆိုသော အတန်းဖော်ကိုကြည့်လိုက်သည်။ အရမ်းမရင်းနှီးပေမဲ့ အဆောင်လည်းတူ အတန်းလည်းတူတာမို့ မျက်မှန်းတန်းမိပါသည်။

''ငါက ရတယ် သရဖီရော အဆင်ပြေတယ်မို့လား တူတူပြန်ဖို့''

''အမ် အင်း ပြေပါတယ်''

စာအုပ်များနှင့် အကြမ်းရေးထားသောစာရွက်များကို သိမ်းလိုက်ကာ အိတ်ထဲသို့ထည့်ပြီးနောက် သရဖီနဲ့အတူ စာကြည့်တိုက်ထဲကထွက်လာလိုက်သည်။

''တိမ်လွှာမိုး ''

''ဟင် ပြောလေ''

''ငါလေ အားနာပေမဲ့ ငါ့ကောင်လေးနဲ့ ချိန်းထားသေးလို့ အဲတာ နင်မပြန်ရဲရင် လိုက်ခဲ့ပါလား''

''အမ် ဘယ်ကို လိုက်ခဲ့ရမှာလဲ''

''ချစ်သူလမ်းကြားလေ သူကတခြားမြို့ကမို့ ပြန်တော့မှာမို့ လာတွေ့တာ အဲတာနင်တစ်ယောက်တည်း မပြန်ချင်ရင် လိုက်ခဲ့ပါလား ပြီးမှတူတူပြန်မယ်လေ''

''အမ် အင်း...
ဟိုလေ မလိုက်တော့ပါဘူး
နင်တို့ဘာသာအေးဆေးတွေ့ကြလေနော်
ငါ့ဘာသာပြန်လိုက်မယ် နီးနီးလေးပဲဟာကို''

Falling in love with Sunflower 🌻(Completed)Where stories live. Discover now